Part 18

1.3K 41 7
                                    

Unicode

" ကဲပြောပါဦး။ပြင်ဦးလွင်သွားတာ ငါ့အတွက် ဘာပါလာလဲ "

" အာ အဲဒါက ဆိုင်တွေပိတ်ထားလို့ အဲ့ဒါ "

" ရတယ် ရတယ် သိလိုက်ပြီ ရှန်တခေတ် ဘာလက်ဆောင်မှမပါလာတာ "

" ပိုးပိုးကလည်း "

မျက်မှန်ဝိုင်းကြီးပင့်ကာ ပိုးပိုးတစ်ယောက် စိတ်ကောက်စွာဖြင့် ရှေ့ကထွက်သွားလေသည်။

" ပိုးပိုး နေပါဦး ပိုးပိုးကလည်း "

" ဘာလဲ ဘာလဲ ပြန်ရောက်တာတောင် ဖုန်းမဆက်ဘဲ ကျောင်းရောက်လာမှ ပြန်လာတယ်လို့သိရထဲက နင့်ကိုစိတ်ဆိုးနေပြီ "

" ငါက စပရိုက်လုပ်ချင်လို့ပါ "

" လက်ဆောင်ကျမပါဘဲနဲ့ ရှန်တအစုတ်ပလုတ် "

" ဟီး bubble tea ဝယ်တိုက်မယ်လေ "

ပိုးပိုးက တစ်ချက်စဉ်းစားသလိုလုပ်လိုက်ပြီး

" အိုကေ ကျေအေးပေးမယ် ငါက သဘောထားကြီးတယ်လေ ဒါနဲ့ ကိုလေးကော ပြန်မလာသေးဘူးလား "

ပိုးပိုးပြောမှပင် ရှန်တ ကိုလေးဖုန်းမကိုင်တာ သတိရမိသည်။ သူပွဲနေ့ပြီးထဲက ဖုန်းဆက်တာမကိုင် ပြန်ရောက်တော့လည်းမကိုင်ပေ။ ဒီနေ့မှ အဆက်အသွယ်မရရင်တော့ ဟိုလူ့ကိုပြောပြီး အကူအညီတောင်းကြည့်ရမည်။

" ကိုလေးက အလုပ်များနေတယ်နဲ့တူတယ် "

" ဪ ဒါဆို ငါတို့ဒီည ညစာတူတူစားကြမယ်လေ "

" Kk အာ ပိုးပိုး ငါမရှိတုန်း သစ်မိုးပန်းချီတို့က ကျောင်းမှာရန်ရှာသေးလား "

ပိုးပိုး ဟိုညကကိစ္စကို ရှန်တအားမပြောပြမိ ။ သက်သက်စိတ်ပူနေရမည်ဆိုး၍ မပြောတော့ပါဘူးလေ ။

" အေးဆေးပါဘဲ နင်သိတယ်မလား ငါက
စူပါwoman လေ "

"ဟားဟား " အေးပါကွာ "

*********

" ထား သစ်ဝေကို ဘယ်တော့လုပ်ကြံမှာလဲ "

" သမီးမျက်နှာရှိသေးလို့ပါ ကိုရယ် သူလုပ်လက်စအလုပ်ကလည်း သူဘဲအပြီးသတ်နိုင်မှာ ထားတို့က သူ့ကိုလိုသလိုသုံးပြီးတော့မှ ပစ်ထုတ်လိုက်မယ်လေကိုရဲ့ "

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Oct 30 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

My Fascinated Man(ongoing)Tempat cerita menjadi hidup. Temukan sekarang