Sirius & Cielo

751 67 6
                                    

Zawgyi

** [ Italic font - Diary writing
Normal font - present time ] **

၂၀၀၀ ပြည့်နှစ် ၊ စက်တင်ဘာလ ၊ ၁၅ ရက် ။

ထင်ထင်ရှားရှားမှတ်မိနေသေးတဲ့ နေ့စွဲလေး။ အမြတ်နိုးရဆုံး လူသားတစ်ယောက် အော်သံခပ်စူးစူးနဲ့အတူ လူ့လောကထဲ ရောက်လာတဲ့အချိန်ပေါ့။

"Felix လို့ နာမည်ပေးမယ်။" ဘိုးဘိုးကြီးက အနှီးထဲမြုပ်ပြီး အိပ်ပျော်နေတဲ့ကလေးလေးကိုချီရင်း ပြောခဲ့တယ်။

" ပျော်ရွှင်ခြင်း၊ ကံကောင်းခြင်း ဆိုတဲ့ အဓိပ္ပါယ်ပေါ့ ။"

" သားလည်း Felix ကို ချီချင်တယ်။ " ၃ နှစ်အရွယ် ကလေးတစ်ယောက်လက်ထဲ မွေးကင်းစကလေးကို
မထည့်ပေးချင်ကြပေမဲ့ Felix ဟာ ပထမဆုံးအကြိမ်အဖြစ် ကျွန်တော့လက်ထဲ ရောက်လာခဲ့ပါတယ်။

Felix ဟာ နာမည်စီးတယ် ထင်ပါရဲ့။ သူ့ကို လက်ထဲပွေ့ပိုက်ထားရတဲ့အခိုက်၊ ကျွန်တော့်ထံ ပျော်ရွှင်ခြင်းတွေ ကူးစက်လာသလို။

"သား သေချာချီနော် ။ ညီလေးပြုတ်ကျမယ် ။" မေမေက စိတ်ပူပြီးပြောလာရင်း ကလေးကိုပြန်ယူဖို့ ကြိုးစားသည်မို့
Felix နိုးသွားရပြီး အော်ငိုလာတဲ့ ပေါက်စက အသံအောင်လွန်းပါသည်လေ။

"မငိုနဲ့လေ Lix ။ မင်းနာမည်က ပျော်ရွှင်ခြင်းလေ၊
ဝမ်းနည်းခြင်းမှ မဟုတ်ဘဲ ။"

အံ့သြစရာကောင်းလောက်အောင် ၊ ကျွန်တော့်စကားကို နားလည်သယောင် ၊ Felix အငိုတိတ်သွားခဲ့သည်။ သူ့ရဲ့ လက်သေးသေးလေးကလည်း ကျွန်တော့်လက်ညှိုးကို လှမ်းဆွဲယူလာသည်။

ပထမဆုံးသောတွေ့ဆုံမှုကတည်းက သူက ကျွန်တော့်ကို အတွယ်အတာအဖြစ် မှတ်ယူခဲ့တာပဲ။

" Felix လေးက မင်းချီတာကို သဘောကျတယ် ထင်တယ်။"

" အန်တီ "

" ပြောလေ Chris "

" Felix ကြီးလာရင် သားကို အပိုင်ပေးနော် ။" ၃ နှစ်သား ကလေးတစ်ယောက်ရဲ့စကားကို နှစ်ဖက်မိဘတွေက
ခပ်ပေါ့ပေါ့လေး ရယ်မောလိုက်ကြပေမဲ့ ကျွန်တော့်ရဲ့ အာရုံအလုံးစုံက ကျွန်တော့်လက်ကို ဖက်တွယ်ထားတဲ့ ကလေးထံ၌သာ။

Sirius & Cielo • ChanlixWhere stories live. Discover now