ပျော်သလိုနေလို့ရသည့် မိမိနေထိုင်ရာ ကမ္ဘာလောကကြီးက တစ်ခါတလေမှာ ပျင်းစရာ ကောင်းလွန်းလှသည်ဟု သူထင်မိသည်။
စိတ်တိုင်းကျ ဖြစ်တည်စေမည့် ကိုယ်ပိုင်ကမ္ဘာငယ်တွင် ဖန်တီးလုပ်ယူထားသည့် အပေါ်ယံခံစားချက်များသာ ရှိလို့နေခဲ့သည်က ရူးမိုက်ဖွယ်ကောင်းသည့် ၊ တစ်နည်းဆိုရလျှင် သူ၏ လိုတိုင်းတရနေသည့် ဘဝကြီးကြောင့်ဟုပင် ပြောရမလို။
သို့ရာတွင် သူပြင်းပြစွာ လိုချင်တောင့်တမိသည့် စိတ်ဆန္ဒဆိုသည်မှာ နေ့အလင်းရောင်လေး ပျောက်ကွယ်သွားသည်နှင့် ညဘက်မဟူရောင်ကောင်းကင်ကြီးတွင် မြင်တွေ့ဖို့ ခဲယဉ်းသည့် ကြယ်များအား ငေးကြည့်ချင်သည့် အချိန်လေးတစ်ခုကိုသာ ပိုင်ဆိုင်ချင်တာဖြစ်သည်။
ဝေလေလေနှင့်ဖြတ်သန်းနေရသည့် သူ၏ လက်ရှိဘဝကလည်း သိပ်တော့ အဓိပ္ပာယ်မရှိလှ။ သေချင်ရင်တောင် ငိုမဲ့သူမရှိ ၊ လွမ်းဆွတ်ပူဆွေးမဲ့သူမရှိ ၊ ဝမ်းနည်းပေးမဲ့သူမရှိ ။ဂုဏ်တွေ၊ ဒြပ်တွေ၊ အရှိန်အဝါတွေကြီးမားလွန်းနေတယ် ဆိုရင်တော့ ထိုအခြေအနေက တစ်မျိုးပြောင်းရင် ပြောင်းသွားနိုင်လောက်သည်။
သို့သော် 'ပျော်ပျော်နေသေခဲ' ဆိုသည့် စကားတောင် ရှိသေးသည် မဟုတ်လား။
ထို့ကြောင့် ပျော်လို့ရမည့်အချိန် ရောက်လာလျှင် ပျော်လိုက်မည်။ ဝမ်းနည်းစရာကောင်းလှသည့် အချိန်ရှိလာလျှင်ရော။ သူကတော့ သေချာပေါက် ပျော်လိုက်မည်ပဲဖြစ်သည်။
Life is so F*ckin' Good ပါပဲ...။
"Jungkook...မင်းမနေ့က တော်တော်လေး ရလိုက်တယ်ဆို"
အပျော်လေးဖန်တီးမိသည်နှင့် ရလိုက်တာက အမြတ်။ သို့ပေမဲ့ သူ့အတွက် ပိုက်ဆံဆိုတာ ဘာမှအဖိုးမတန်။
ညခင်း၏ အလှတရားကို ပျက်စီးအောင် လုပ်နေသည့် ထိုအသံပိုင်ရှင်အား အဖက်လုပ်၍တောင် မကြည့်ချင်။ ထို့ကြောင့် ပိုက်ဆံအထပ်လိုက်ကိုသာ ပစ်ပေးလိုက်ရင်း လက်ခါပြလိုက်သည်။
ထိုအပြုအမူက ထွက်သွားဆိုသည့် သဘောကို ဆောင်၏။
ပိုက်ဆံတစ်ထပ်ကို ကောက်ယူလျက် ထို လူ့ကျေးကျွန်က မသွားသေးဘဲ စိတ်အနှောင့်အယှက် ထပ်ပေးလာခဲ့ပြန်သောအခါ စိတ်အချဉ်ပေါက်လာရသည်မို့ သတိပေးသည့်အနေဖြင့် မျက်လုံးထောင့်ကပ်ကာ ကြည့်မိတော့သည်။