အခန်း၁.၁(ရုန်စီ)
နွေရာသီကုန်ဆုံးပြီးနောက် ကြီးမြတ်တဲ့ ချီနိုင်ငံရဲ့မြို့တော် ဘိုင်ကျင်းတွင် ဆောင်းဦးရာသီအစလိုမျိုး မိုးရာသီဟာ အစားထိုးဝင်ရောက်လာခဲ့သည် ရက်အနည်းငယ်ကြာပြီးနောက် မြို့တော်ရဲ့ ယွင်ဇီနန်းတော်က တန်ဖိုးကြီးတဲ့ အနီရောင်အုပ်ချက်တွေနဲ့ အစိမ်းရောင်အုပ်ကြွပ်တွေကို ဆောင်းဦးမိုးရေလည်း သန့်စင်ပေးသွားသည်
ဒီမနက်ခင်းရောက်မှပဲ မိုးရေတွေဟာ ရပ်တန့်မယ့်စိတ်ကူး ပေါ်လာခဲ့သည်ဇီယူရီခန်းမ ခေါင်းလောင်းမျှော်စင်ရဲ့ထိပ်မှာ သတင်းနဲ့နက္ခတ်ဗေဒဌာနရဲ့ အလုပ်သမားတွေက နာရီစောင့်ကြည့်သူကို ဘယ်အချိန်မှာခေါင်စလောင်းတီဖို့ အမိန့်ပေးနေခဲ့သည် ထို့နောက် လေးလံပြီး တေးသွားသဖွယ်ခေါင်းလောင်းသံဟာ ထွက်ပေါ်လာခဲ့သည် အဲ့အချိန်မှာပဲ ရုန်စီနိုးလာပြီး သူမအခန်းထဲက ကြေးမှုံမှန်ကို ကြည့်လိုက်သည်
ရုန်စီက ယွင်ဇီနန်းတော်ကို သူမအသက်၁၃နှစ်အရွယ်မှာ ၀င်ရောက်လာခဲ့သည် သူမမြို့တော်ကို အလုပ်လုပ်လာလုပ်တာ ၃နှစ်ရှိနေပြီမို့လို့ အခုဆို သူမအသက်က၁၆နှစ်တောင် ရှိနေပြီဖြစ်သည် အမျိုးသမီးနန်းတွင်းသူအဆင့်ကိုလည်း အတည်ပြုပြီးခဲ့ပြီဖြစ်သည် သူမအဆင့်ထက်နိမ့်တဲ့ နန်းတွင်းသူများက သူမကို ဂူးဂူးလို့ခေါ်ကြသည်
နေ့ရက်လေးဟာ ဖြည့်ညှင်းစွာစတင်လာပြီး နွေးထွေးတဲ့နေရောင်ခြည်ဟာလည်း သူမအခန်းထဲကို ၀င်ရောက်လာပြီး သူမကိုယ်ပေါ်ကိုလည်းနေထိုးနေခဲ့သည် ကြေးမှုံမှန်ထဲမှ အလှလေးသည် ဖြူဖွေးတဲ့အသားအရည်နဲ့ ကြည့်ကောင်းလှတဲ့ မိန်းမလှလေးဖြစ်သည်
နှာတံမြင့်မြင့်နဲ့ နူးညံ့တဲ့ချယ်ရီရောင်နှုတ်ခမ်းလေးသည် ပန်းချီကားထဲက အသက်ဝင်လာသလိုပင် သူမရဲ့ပုံပန်းသွင်ပြင်အားလုံးသည် ပနံသင့်ပြီး ပြီးပြည့်စုံလှသည်
YOU ARE READING
ချစ်ရသော ဧကရာဇ်ရဲ့ ဧကရီ
Romanceကြမ်းတမ်းပြီး ရက်စက်တဲ့ ဧကရာဇ်နဲ့ နူးညံ့ပြီး ချစ်ဖို့ကောင်းတဲ့ ဧကရီတို့ကြားက အချစ်ဇာတ်လမ်း ကြမ်းတမ်းပြီး ရက်စက်တဲ့ ဧကရာဇ်နဲ့ နူးညံ့ပြီး ချစ်ဖို့ကောင်းတဲ့ ဧကရီတို့ကြားက အချစ်ဇာတ်လမ်း Ch-101+Extra-24(completed) completely translated...