Maybe Love? (One Short)

35 1 0
                                    

ကျွန်မMallအရှေ့မှာသူ့ကိုစောင့်နေတယ်
သူဆိုတာ ကျွန်မကိုလက်ထပ်ခွင့်တောင်းထားတဲ့သူ
ကျွန်မရဲ့ယောကျာင်္းဖြစ်မယ့်သူ မဟုတ်ဘူး ကျွန်မငြင်းထားတာဆိုတော့ ကျွန်မကိုလိုက်နေတဲ့သူပေါ့
သူနဲ့အတူတူညစာစားဖို့ခေါ်တယ် ပထမတစ်ခါရော ဒုတိယတစ်ခါရော နှစ်ခါလုံးငြင်းတာပေါ့ အဲဒါလည်းသူလက်မလျော့ဘဲထပ်ခေါ်တယ် ဒါပေမဲ့ဒီတစ်ခါမလာရင်တစ်နိုင်ငံလုံးကိုကျွန်မက
သူ့မိန်းမဖြစ်မယ့်သူဖြစ်ကြောင်းကြေညာမယ်ဆိုပြီး
ပြောလာတာ ဟုတ်တယ် သူကအရမ်းချမ်းသာတယ် နာမည်အရမ်းကြီးတဲ့Min CompanyကCEOလေ
ကျွန်မကသာမန်ထဲကတစ်ယောက်ပါဘဲ ကိုယ်ပိုင်Cafeဖွင့်ထားတယ် ဆိုင်ကရောင်းလို့အဆင်ပြေပါတယ်
အိမ်ကCafeနဲ့နီးတယ် တစ်လမ်းထဲမှာပါဘဲ
တိုက်ခန်းကျဉ်းလေးတစ်ခုမှာနေတာပေါ့

ကျွန်မတို့နှစ်ယောက်ဘယ်လိုတွေ့လဲ
သူနဲ့ကျွန်မတွေ့ပုံကထူးဆန်းတယ် တကယ်မထင်ထားစရာအဖြစ်အပျက်ပါ

3 months ago

ကျွန်မCafeကနေလမ်းလျှောက်ပြီးပြန်လာတာ
အိမ်နားလေးကလမ်းဘေးကြမ်းပြင်မှာထိုင်နေတယ် သူက သူ့ကြည့်ရတာတစ်ခုခုကိုစိတ်ပျက်နေတဲ့ပုံဘဲ
မိုးရွာတာတောင်ဂရုမစိုက်နိုင်ဘဲထိုင်နေတဲ့သူကိုမြင်သွားတော့ကျွန်မစိတ်မကောင်းဖြစ်သွားတယ် အဝတ်စားကောင်းဝတ်ထားတဲ့သူက
ဘာလို့ဒီလိုနေရာကိုရောက်လာပြီးစိတ်ပျက်နေလဲဆိုတာသိချင်မိတယ် အလုပ်ကိစ္စကြောင့်လား အိမ်နဲ့အဆင်မပြေလို့လား ဒါမှမဟုတ်
ချစ်သူနဲ့ကွဲသွားတာလား သူ့ကိုကြည့်ရင်းတွေမိတယ်

"ငါ့အလုပ်မှမဟုတ်တာ ဘာလို့တွေးနေတာလဲ"

ကျွန်မသက်ပြင်းချကာသူ့ဆီလျှောက်သွားတယ် ထီးပေးဖို့ပေါ့
အဲဒီလိုလုပ်တယ်ဆိုတာလည်းသူ့ကိုဒီတိုင်းကူညီချင်ရုံသက်သက်ပါ ပြီးတော့ကျွန်မသူ့ရှေ့ရပ်ကာ

"ဒီကဦးလေးကြီး"

ကျွန်မခေါ်တော့သူမော့ကြည့်လာတယ်

"Huh?"

"ဒီမှာဘာလို့ထိုင်နေတာလဲ ပြီးရင်မိုးကအရမ်းသဲတော့မှာ အကြာကြီးထိုင်နေရင်ရှင်ဖျားမှာပေါ့"

Maybe love? (One Short) [Completed]Where stories live. Discover now