2005 ခုနစ် ဇွန်လ 5 ရက်နေ့
သင်္ဃန်းကျွန်း အ.ထ.က ( ၁)
ခရေဆောင်.....(၆/၉ တန်းဆောင်)"ငါဒီနေရာမှာထိုင်လို့ရလား"
လွန်းအံ့ဩသွားသည်။ သူနဲ့ အတူထိုင်မည့်သူငယ်ချင်းရှိသေးသည်လား။ လွန်းမော့ကြည့်လိုက်တော့ သူလို လူကောင်ခတ်သေးသေးနဲ့အသားညိုညိုနဲ့ကောင်လေး။
"အင်း ရပါတယ် ထိုင်ပါ"
ဟု လွန်းက ပြန်ဖြေတော့ ထိုကောင်လေးကဝင်ထိုင်သည်။ လွန်းက အတွင်းဘက်သို့တိုးပေးလိုက်သည်။ ထိုကောင်းလေးကထောင့်မှာဝင်ထိုင်သည်။
"မင်းက တစ်ယောက်ထဲလား "
ကောင်လေးကမေးသည်။
"အင်းတစ်ယောက်ထဲ အရင်နှစ်ထဲက နေ မင်းမလာခင်အထိပေါ့"
"ဘာလို့လဲ"
"ငါ့လို ဖြူစုပ်စုပ် အကောင်သေးသေးကို ဘယ်ကောင်ကပေါင်းချင်မှာလဲကွာ သူတို့က ထွားထွားကြိုင်းကြိုင်းသန်သန်မာမာတွေပဲပေါင်းချင်ကြတာ ပီးတော့ ငါက ကျန်းမာရေးလဲ သိပ်မကောင်းဘူးလေ"
လွန်းကပြောပြလိုက်တော့
"အော် အဲ့လိုဆို ဘာမှအားမငယ်နဲ့တော့ ငါမင်းရဲ့သူငယ်ချင်းပဲ ဒီနေ့ကစပီး၊ ငါ့နာမည်က ဉက္ကာ၊ မင်းက...?"
"ငါက သျှင်လွန်းခန့်ထည်။ လွန်းဖြစ်ဖြစ် ခန့်ထည်ဖြစ်ဖြစ်ခေါ်ပေါ့"
"ခန့်ထည်လို့ပဲခေါ်ပါမယ် "
ဒေါင် - ဒေါင်- ဒေါင်......
"ကျောင်းတက်ခေါင်းလောင်းတောင်ထိုးပီ ။ ငါတို့စကားကောင်းနေကြတာ ကြည့်အုံး"ဟု လွန်းက ပြောရင်း မတ်တပ်ထရပ်သည်။
လွန်းက ထရပ်တော့ ဉက္ကာကပါ မတ်တပ်ရပ်သည်။
မကြာလိုက် နိုင်ငံတော်သီချင်းသီဆိုကြသည်။
ထို့နောက် သရဏဂုံ သုံးပါးမှအစချီကာ
အမျှဝေ သာဓုခေါ် သည်အထိ ကို သေသေချာချာ အာရုံစိုက်၍ အခန်းတွင်းရှိကျောင်းသားအများစုက ဘုရားရှိခိုးကြသည်။
တချို့ကတော့ စကားများကြ။ မပီးသေးသောစာများထျုင်ကူးကြနဲ့ ဘုရားကိုအရောင်ပြလောက်ပဲရှိခိုးသည်။