" အားးး..ဒါဖြစ်သင့်လား "
အခန်းတစ်ခုတွင် မိန်းမလှတစ်ဦး ဒေါသထွက်
ပေါက်ကွဲနေပုံမှာ ခွေးရူးမကြီး မြင်မြင်သမျှ လိုက်ကိုက်နေပုံနှင့်တူလေသည်။"ငါ ထန်တိုင်းမိုးပြိုကို ရတဲ့နေ့ မာယာမျက်ရှင် နင့်ကို အမြစ်ဖြုတ်ပစ်မယ်"
ဆံပင်များရှုပ်ပွကာ အင်္ကျီဖရိုဖရဲနှင့် လူစီသော်ခေတ် သည်လူရုပ်ပင်မပေါက်တော့ပါ။
လောဘဒေါသတွေဖုံးလွှမ်းနေသော မျက်လုံးက အလွန်ပင်ကြည့်ရဆိုးနေလေသည်။
လူကြီးမင်း ဝမ်က ဖိတ်ကြားလို့ သူမ ဦးခွန်ရဲ့ အတွင်းရေးမှူးအနေနဲ့ ပါတီကို တက်ခဲ့ရသည်။
ဦးခွန်လုံဆိုတာကလည်း နယ်စပ်တကြောမှာ မသိသူမရှိသလောက် တရုတ်နဲ့တိုက်ရိုက်အရောင်းအဝယ်လုပ်ကိုင်သူ။ဒီလိုလူမျိုးကို လူစီမိမိရရ ချဉ်းကပ်ထား၍သာ ဒီလောကမှာ ဝင်ထွက်နိုင်တာ။သူ့အတွင်းရေးမှူးဆိုတာကလည်းနာမည်ခံသက်သက်ပါဘဲ သူ့မှာ လူ့စီလို အပျော်မယားငယ်တွေ တစ်ပုံကြီးရှိသည်။အခုရက်တွေတော့ လူစီ့ကိုဘယ်သွားသွား ေခါ်သွားသည်။
"ဘာတွေဖြစ်နေတာလဲ လူစီ"
ရှုပ်ပွကာ ပြန့်ကြဲနေသော ပစ္စည်းများအားရှောင်ကာ လူစီထိုင်နေရာ ကုတင်နားသို့လျှောက်လာသော
ခွန်လုံ ...အဖြူရောင်လက်ရှည်အား အနည်းငယ်ပင့်ခေါက်ထား၍ ပေါ်နေသော သွေးကြောစိမ်းနှင့် အကြောပြိုင်းပြိုင်းတို့က ဆွဲဆောင်မှုတစ်မျိုးရှိလှသည်။
"ဦးလုံ...."
လူစီနှင့် ခွန်လုံမှာအသက်သိပ်မကွာလှပါ။ငါးနှစ်လောက်ပင် ကွာသည်ဖြစ်သော်လည်း လူစီမှာ တမင်သက်သက်စောက်ပိုလုပ်ကာ ငြုတုတုနှင့် မူယာမာယာများပြီး ခေါ်ခြင်းဖြစ်သည်။
"အင်းးမင်းဘာေတွဖြစ်နေတာ"
"လူစီလေ မကျေနပ်တဲ့သူရှိလို့ စောနကပွဲမှာလေ လူစီ့ကို သူကနှိမ်သွားတယ်"
"ဘယ်သူက"
"မာယာမျက်ရှင်ဆိုတဲ့ မိန်းမပေါ့ လူစီ့ကိုပြောဆိုသွားတာ ဦးလုံ တစ်ခုခုပြန်လုပ်ပေးပါလားဟင်"