The past life | Unicode |

938 104 5
                                    

"​မောင့်ကို မချစ်ခဲ့မိရင်​ကောင်းမယ်။ ​မောင့်ကိုချစ်ဖို့ ငြင်းဆန်ခဲ့မိရင်​ကောင်းမယ်။ ဒီလိုဆို ​ငါဖတ်သမျှ ကဗျာ၊စာ​တွေမှာ ​မောင့်ရဲ့မျက်နှာနုနုကို မြင်​ယောင်လာမှာမဟုတ်ဘူး။ ​မောင်​ကြောင့်ငါမျက်ရည်ကျရမှာမဟုတ်ဘူး။ ​နောက်ပြီး ငါ့ကြောင့်​မောင်နာကျင်ရမှာမဟုတ်ဘူး။ ​​မောင့်ကို ငါမချစ်ခဲ့မိသင့်ဘူး။"

~

သီချင်းသံ နုနုယွယွက​​လေး ပျံ့လွင့်​​​နေ​​သော က​ဖေးဆိုင်အတွင်း ​ထောင့်ကျသည့်တစ်​​နေရာမှာ ငြိမ်ငြိမ်စိမ်စိမ်ထိုင်​နေမိရင်း ဂျီ​ဆောင်း စာအုပ်တစ်အုပ်ထဲ ဈာန်ဝင်စား​နေသည်။

စာအုပ်မှာ အတန်ငယ်​တော့ အို​ဟောင်း​နေပြီ။ ၁၉၇၀ ဝန်းကျင်ခန့်က ​နောက်ဆုံးအကြိမ် ထုတ်​ဝေခဲ့​သော နာမည်ကြီး ဝတ္ထုတစ်အုပ်ဖြစ်၏။ ယခုမှပထမဆုံးအကြိမ်ဖတ်မိသည်ဖြစ်​သော်ငြား ဇာတ်အသွားအလာနှင့် ဂျီ​ဆောင်း စိမ်းသက်မ​နေ။

စာ​ရေးဆရာ၏ အ​ရေးအသား​ပြောင်​မြောက်မှု​ကြောင့် ဇာတ်​ဆောင်အမျိုးသမီး၏ ခံစားချက်​တွေကို အတိုင်းသားမြင်​နေရသည့်နှယ်။ ငို​ကြွေးသံများကို အတိုင်းသားကြား​နေရသည့်နှယ်။

ကံတရားက တားမြစ်ထား​​သော အချစ်ဇာတ်လမ်းတစ်ပုဒ်က ဂျီ​ဆောင်း၏ ရင်ကိုတိုက်ရိုက်လာထိခတ်​သည်မို့ မွန်းကြပ်လာရကာ ဘယ်ဘက်မျက်ဝန်းမှ မျက်ရည်စီး​​ကြောင်းတစ်ခုကို ခိုးသုတ်ရ၏။

မြင်ကွင်းအချို့က အာရုံတွင်ရုတ်တရက်ထင်လာချိန်မှာ​တော့ ​ခေါင်းတစ်ခြမ်းက တဆစ်ဆစ်​ကိုက်လာသည်မို့ ဂျီ​ဆောင်းရှေ့​ကော်ဖီခွက်ထဲမှ ​ကော်ဖီကိုတစ်ငုံငုံလိုက်သည်။ ​ကော်ဖီရနံ့သင်းသင်းက နာကျင်​သော အ​တွေးပုံရိပ်တို့ကို အချိန်ယူ​ဖြေ​ဖျောက်​ပေးသည်မို့ သက်သာရာရ၏။

ပင်ပန်းလာပြီမို့ စာအုပ်ကိုပိတ်၊ ​ဘေးလွယ်အိတ်ထဲ​ကောက်ထည့်ကာ အိမ်ပြန်ရန်ပြင်သည်။ အ​ဆောင်တွင်သူ့ကို​တကူးတကစောင့်စား​နေမည့်သူမရှိ​သော်ငြား အချိန်မှန်အိမ်ပြန်တတ်သည်က အကျင့်လိုဖြစ်​နေပြီ။

The Past Life || MinSung One Shot||Where stories live. Discover now