✨အချစ်ကိုသိချိန်✨
အသက်တွေတစ်နှစ်ပြီးတစ်နှစ်ကြီးလာသည်နှင့်အတူ ဘာလိုလိုနဲ့ 8တန်းရောက်လာပြီဆိုတော့ ကျက်ရမယ့်စာတွေကလည်းများလာပြီဖြစ်၍ ကျောင်းတက်ရတာက သိပ်ပျော်စရာမကောင်းတော့သလိုပင်။
ထို့ကြောင့် ကောင်းကောင်းတစ်ယောက် ပျင်းပျင်းနဲ့ အဆောင်ပေါက်က ခုံပေါ်မှာထိုင်နေရင်း အဝင်ဝကိုကြည့်နေမိသည်။ထိုအချိန် ခပ်တည်တည်ဖြင့် အဆောင်ထဲဝင်လာသော ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။
မျက်နှာဝိုင်းဝိုင်း ပြည့်ပြည့်ဖောင်းဖောင်းလေးဖြင့် ထိုကောင်မလေးကို ငကောင်း ကြောင်ကြည့်နေမိသည်။
စိတ်ထဲတွင်လည်း ယောင်္ကျားလေးသီးသန့်အဆောင်ထဲကို ထိုကောင်မလေး ဘာလို့ဝင်လာတာပါလိမ့်ဟုတွေးနေမိသည်။
အဆောင်မှူးရဲ့သမီးများလား...မဖြစ်နိုင်ဘူး...ကြည့်ရတာအဆောင်မှားဝင်လာသည့်ပုံပင်။သိမ့် အဆောင်တွေရှေ့ရပ်ရင်း ဆိုင်းပုဒ်တွေကိုကြည့်နေမိသည်။
အဆောင်နာမည်တွေက အောင်တွေတူနေသည့်အပြင် ကပ်ရပ်ဆိုတော့ ကိုယ့်မျက်စိရှေ့က အဆောင်ကိုပဲ ခပ်တည်တည်နဲ့ဝင်ချပစ်လိုက်သည်။
ထိုအခိုက် ကိုယ့်ကိုကြောင်ကြည့်နေသော ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရာ
*ဘာလား....*ဟုတွေးရင်း ပြန်ကြည့်ပေးလိုက်သည်။အဆောင်မှားဝင်လာသည့်အပြင်ကောင်းကောင်းသူ့ကို ဘုကြည့်ပြန်ကြည့်လာသော ကောင်မလေးကြောင့်
ရီချင်လာသည့်စိတ်ကဝာားမရ၍ သဘောတကျရီလိုက်မိသည်။*ဘာလေးလားဟ...တကယ်အရှုပ်ထုပ်လေး....အဟွန်း....*
တစ်ယောက်ထဲတွေးရင်း အရှုပ်ထုပ်လေးအား စိတ်ဝင်စားမိသွားသည်။သိမ့်ကိုယ့်ကိုကြည့်ရင်း ရီချလိုက်သောကောင်လေးကြောင့် စိတ်တိုသွားရသလို ထိုအခါမှ ကိုယ်အဆောင်မှားဝင်လာမိသည်ကို သတိထားမိလိုက်သည်။
ရှက်လည်းရှက်မိသွားသလို ကိုယ့်ကိုလှောင်နေသော ထိုကောင်လေးကိုလည်း မကျေနပ်။
*ဟွန့် ငါ့ကိုလှောင်တယ်ပေါ့....တွေ့မယ်...*
ဟု စိတ်ထဲမှ တေးမှတ်ထားလိုက်သည်။
ထို့နောက် ခပ်တည်တည်ပဲ ပြန်ထွက်လာပြီး ကိုယ့်အဆောင်ထဲဝင်လာလိုက်သည်။