" လမ်းခွဲရအောင် ။ ငါဒီထက်ပိုပြီး
အတွေးတွေနဲ့ မမွန်းကြပ်ချင်တော့ဘူး။
မင်းအတွက် အရာအားလုံးပြီးမှ ငါဆိုတဲ့
သတ်မှတ်ချက်ကြီးကိုလည်း မုန်းလာပြီ
ငါကပဲ အရာရာ တစ်ဖက်သတ်ဖြစ်နေရတာကြီးကို
လည်းမုန်းလာပြီ"ဆယ်ဟွန်း ရင်ထဲက ဆို့တစ်မှုကို ပင်ပန်းတကြီး
မြိုချကာ ပြောနေပေမဲ့ ဂျုံအင်က
ခါတိုင်းလိုပင် ခံစားချက်ကင်းမဲ့နေသော
မျက်ဝန်းတွေနှင့် သူ့ကို ကြည့်နေသည်။ဆယ်ဟွန်း စိတ်ပျက်စွာပင် ထိုနေရာက
လှည့်ထွက် ခဲ့လိုက်သည်။" ဒီလိုဖြစ်လာနိုင်တယ်လို့ ငါအရင်ကတည်းက
ပြောခဲ့တယ်မလား"ခပ်အေးအေးပြောလိုက်သော အသံကြောင့်
ဆယ်ဟွန်းခြေလှမ်းတွေကို ရပ်လိုက်မိသည်။" ဘာကိုမှဂရုမစိုက်ဘူးလို့ ပြောပြီး ငါ့ဘဝထဲကို
ဇွတ်တိုးခဲ့တာ မင်းလေ။ငါစိတ်မဆိုးဘူး။
ဒါပေမဲ့ တစ်ခုပဲ ။တစ်ခါ ထွက်သွားပြီးတာနဲ့
မင်းနဲ့ငါ ဘယ်တော့မှ အတူထပ်မရှိနိုင်တော့ဘူး။
ငါ့ဘဝထဲကို မင်းကို ဘယ်တော့မှ ထပ်ခေါ်တော့မှာ
မဟုတ်ဘူး ဆယ်ဟွန်း"ဆယ်ဟွန်း လှည့်ကြည့်လိုက်မိသည်။
ဂျုံအင်က သူ့ကို စိုက်ကြည့်နေပြီးမှ
မျက်နှာလွှဲကာ ကျောခိုင်းသွားခဲ့သည်။နောက်ဆုံးအချိန်ထိတောင်မှ Kim Jongin က
သူ့မာနတွေကို လုံးဝချမသွားခဲ့ဘူး ။_____________
" ကိုကြီး ဆရာ ရောက်နေပြီ ဟိဟိ"
အခန်းဝမှာ မျက်နှာပေါ်ရုံလေးဟကာ ပြုံးစိစိနဲ့
သတင်းလာပေးသည့် ညီမလေးက ပြောင်းလဲ
သွားသည့် အခြေအနေတွေကို မသိသေး။" သူလာတာ ဘာလုပ်ရမှာလဲ"
ဆယ်ဟွန်း ဂီတာကြိုးညှိမပျက်ဘဲ ပြောလိုက်သည့်
အခါ ညီမဖြစ်သူ အိုမင်ဂျီက အနည်းငယ်
အံ့ဩသည့်ပုံပေါက်သွားသည်။ခါတိုင်းဆို Guide ဆရာKim Jongin လာရင်
တကယ်သင်ရမည့် သူမထက် ပိုပြီး တက်ကြွနေတာ
ဘယ်သူမို့လို့လဲ။
