Not Him, But You & Me

540 26 3
                                    

-၁-

ခြံဝန်းထဲကနေ ကားဘီးစလိမ့်ပြီး မောင်းထွက်တယ် ဆိုကတည်းက သူ သက်ပြင်းအရှည်ကြီးချလိုက်မိသည်။ အခုတလော အလုပ်လိုအပ်ချက်အရ ဆိုပြီး အပြင်ကိုခေါ်ခေါ်ထုတ်နေသည့် သူဌေးကိုလည်း ဆက်တြိယာ သိပ်ကြည့်မရတော့။

သူ အလုပ်က ပုံဆွဲဖို့ပဲလေ ပုံတွေအချိန်မီပို့နိုင်ရင် အဆင်ပြေပြီ မဟုတ်လား။ ကွန်ပျူတာ နဲ့ အင်တာနက် ရှိတယ်ဆို ဘယ်လို အဆောက်အဦးဒီဇိုင်းဖြစ်ဖြစ် အိမ်မှာပဲ အေးအေးလူလူ လေ့လာနိုင်သည့်ခေတ်မဟုတ်လား။ ဘာကြောင့် နေပူခံ၊ ချွေးပြန်ခံပြီး  ဆောက်လုပ်ရေးဆိုက်တွေထဲ သွားရဦးမှာလဲ။

"နောက်တစ်ခါ ဆိုက်ထဲခေါ်ရင် အလုပ်ထွက်ပစ်မယ်" လို့ သူဌေးကို ခြိမ်းခြောက်လိုက်ရင် ကောင်းမလားလို့တောင် ဆက်တြိယာ တွေးနေမိသည်။

"ဘယ်လိုလဲ...လေကောင်းလေသန့် ရလို့ လန်းသွားတယ် မဟုတ်လား..."

သူ့ကြီးတော်ကြီးကို လေကောင်းလေသန့်ရမှာလား...။ ရန်ကုန်မြို့ကြီးရဲ့လေထုက ဘာအရောင်အဆင့် တို့ ညာအရောင်အဆင့်တို့ ထုတ်ပြန်ကြေညာချက်တွေကို ဒီလူကြီး မကြားမိဘူးလား။ ဆီကုန်မှာစိုးလို့ air-con မဖွင့်ပေးချင်တိုင်း "လေကောင်းလေသန့်"ဆိုသည့်စကားကို သုံးနှုန်းနေတာလို့ပဲ သူ မြင်မိသည်။ သို့သော် ထိုသို့ ကပ်စေးနှဲနေသူက လစာပေးနေသည့် သူဌေးဖြစ်တဲ့အခါမှာတော့ ဆက်တြိယာ ရဲ့ အဖြေ က "အင်း... ဟင်း... ဒါပေါ့..." ဟုသာ ဝတ်ကျေတန်းကျေ ပြန်ပြောရင်း မျက်လုံးတွေမှိတ်ကာ အိပ်ချင်ယောင်သာဆောင်နေလိုက်တော့သည်။

+++

"သူဌေး...  ဒီနေ့ နောက်ကျတယ်နော်..."

ဆက်တြိယာ ကားတံခါးပိတ်သံနဲ့ တစ်ဆက်တည်းမှာပဲ သူဌေးကို လှမ်းနှုတ်ဆက်သံကို ကြားလိုက်ရသည်။ ထို အသံကိုရင်းရင်းနှီးနှီးကြားဖူးနေသည့်အသံဖြစ်တာကြောင့် မပွင့်ချင်ပွင့်ချင်ဖြစ်နေတဲ့ မျက်စိဖွင့်ကာ ကြည့်လိုက်တော့ သူဌေးနဲ့ စကားပြောနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူက Safety hat ၊ Safety shoes ၊ အနီစင်းလေးတွေပါတဲ့ ရှပ်အင်္ကျီအဖြူနဲ့ ကာကီရောင်ဘောင်းဘီ ဖြစ်တဲ့ ယူနီဖောင်း တို့ကိုဝတ်ဆင်ထားပြီး လက်တစ်ဖက်က ဖိုင်တစ်ခုနှင် ဝေါ်ကီတော်ကီ တစ်ခုကိုတွဲကိုင်ထားသည်။

Not Him, But You And MeWhere stories live. Discover now