Hello SweetHeart (One Shot)

387 28 4
                                    

Hello Sweetheart

Cast - Kibum <3 Miyoung

Key - ကျွတ်... ကြာတယ်ကွာ...

Key တစ်ယောက်.. စိတ်မရှည်တော့ချေ.. သူစောင့်နေတာ တော်တော် ကြာနေပေလေသည်..

Key - ဒီကောင်မလေး တော်တော်ကြာတာပဲ.. ပြီး..မပြီးနိုင်တော့ဘူး.. အကျီ တစ်ထည်ရွေးတာပဲ.. နာရီနဲ့ချီ ကြာတယ်..

ထိုစဉ်.. အ၀တ်လဲ ခန်းထဲက ခေါင်းလဲ ပြူထွက် လာသော Miyoung..။

M- Kibum ah... ငါ ဒီတစ်ထည်နဲ့ကောအဆင်ပြေ ပါ့မလား မသိဘူး..

Key - နင်က ထွက်မလာပဲ..ငါက ဘယ်လို လို့သိမှာလဲ..

M - နင်မရီနဲ့နော်..

Key - အေးပါဟာ..အေးပါ..

သို့သော်...

Key - Haha..

M - Yahhh...

Key - Arryasoe.. Arryasoe.. လှပါတယ်..လှပါတယ်..ဟဟ..

အမှန်တော့ လှပါသည်.. သို့သော်.. သူ့သူငယ်ချင်းမှလေး အား ထိုသ်ု့ ပုံစံကြီးနဲ့ တစ်ခါမှ မမြင်ဖူး၍ Kibum တစ်ယောက် ထရီ မိခြင်းဖြစ်သည်..

M - နင်နော်....

Key - အော်..တကယ်လှပါတယ်ဆို.. ဒါပဲယူလိုက်တော့...ဘယ်နှယ့် နင့်အဖေ နဲ့ ညစာ စားပွဲလေး တစ်ခါလောက် လိုက်တတ်ဖို့ အရေး.. ရွေးနေလိုက်တဲ့ အကျီ မပြိးတော့ဘူး.. ဒီမှာ ညအိပ်ရတော့မယ်..

M - ဘာလဲ?? နင်က ငါ့ကိုစိတ်မရှည်တာလား??

Key - မဟုတ်ပါဘူး မယ်မင်းကြီးမရယ်.. ပိုက်ဆံသာသွားရှင်းတော် မူပါ...

မှန်၏..Kibum မှာ လုံးဝ စိတ်ရှည်တတ်သည့် သူမဟုတ်ပါ.. သူ့ကောင်မလေး တွေ ကိုတောင် ဒီလို အချိန်မပေးဖူး.. Shopping ထွက်ရန် လိုက်စောင့်ပေးဖို့ ဆို ဝေလာဝေး..

Miyoung ကိုတော့ သူချစ်လွန်း ၍သာ.... Miyoung နဲ့သူမှာ ငယ်ကတည်း က သွားအတူ..လာအတူနဲ့.. အိမ်ချင်းလဲ နီးသည့် သူငယ်ချင်း များ ဖြစ်ကြသည်.. သို့သော်.. သူတို့နှစ်ယောက် မှာ ချစ်သူ အဆင့်လဲ မရောက်... သူငယ်ချင်း အဆင့် လဲ မကပေ..။

Key မှာ ငယ်ငယ် ထဲက အမေ ဆုံးပါးသွား သဖြင့် မေတ္ထာ ငတ်မွတ်နေသူ..ထိုသို့ မေတ္တာ ငတ်လာသည့် အလျှောက်.. ကြီးလာတော့ ရည်းစား တွေ အများကြီးထားဖြစ်သည်.. ရုပ်ကလဲချော သဖြင့် ဘယ်ကောင်မလေး ကိုမှ အပင်ပန်းခံ ၍ လိုက်စရာ မလိုခဲ့... အားလုံးက မဆွတ်ခင်ကတည်းကပင် ညွတ်ချင်ကြသည့် သူတွေချည်း.. သို့သော်..ထားခဲ့သည်. ရည်းစားတွေကို သူမချစ်ပါ.. ဒီအတိုင်း စိတ်ထွက်ပေါက် အဖြစ်သာ တွဲရုံ ဖြစ်သည်.. သူ့အဖေ မှာလဲ.. အမြဲအလုပ်မအားပေ..

You've reached the end of published parts.

⏰ Last updated: Apr 11, 2015 ⏰

Add this story to your Library to get notified about new parts!

Hello Sweetheart (Completed)Where stories live. Discover now