ခဏတာ ဆုံတွေ့ခွင့်လေဟာ
တစ်ဘဝလုံးစာ ပျော်ရွှင်မှုတဲ့လား~ထပ်ဆုံတွေ့ဖို့ကော ကံကြမ္မာကဖန်တီးပေးအုန်းမလား~
_ချစ်ခဲ့မိသည်_
" သေချင်တာဘဲဟာ
ဒီတိုင်းတာဆို ငါတို့ဒီမှာငတ်သေတော့မှာမဟုတ်ဘူးလား ဆု"ဒီအိပ်မက်မြို့တော်ကြီးကိုခြေချခွင့်ရနေပေမဲ့ အိပ်မက်တွေကတော့လမ်းစပျောက်နေခဲ့တာ ၃လရှိခဲ့ပြီ၊ ၃လအတွင်းအလုပ်ပေါင်းများစွာရှာခဲ့ပေမဲ့ထင်သလောက်မလွယ်နေခဲ့၊ ပါလာတဲ့ပိုက်ဆံကလည်းလက်ထဲမှာသိပ်မကျန်တော့တာကြောင့်ယွန်းယွန်းတို့သေချင်စော်နံ့နေခဲ့ပြီ။
"စိတ်အေးအေးထားပါအုန်း ယွန်းရယ် အဆင်ပြေသွားမှာပါ"
"နင်ကဘာလို့ဒီလောက်တည်ငြိမ်နေရတာလဲ
အမြဲတည်ငြိမ်နေတဲ့ငါကပြာယာတွေခတ်နေရော "" တည်ငြိမ်နေတာမဟုတ်ဘူးဟ
တကယ်တော့ အားးး!!""အမလေးလေး ငါ့နှလုံးသားလေး"
"ငါအဲ့လို အော်ပစ်ချင်နေတာငါ့စိတ်ကတကယ်တော့မတည်ငြိမ်နေဘူး ယွန်းရဲ့ "
"မိဆုမ "
"ငါဘယ်လိုလုပ်တည်ငြိမ်နိုင်မှာလဲဟနင်စဉ်းစားလေ
ငါမေမေကို ဘယ်လောက်တောင်ကြွားလုံးထုတ်ခဲ့လဲ"" အီးဟီး ငိုချင်လာပြီဆုရေ"
"ငါကောဘဲ အဟင့်"
အိပ်မက်မြို့တော်ကြီးဟာ သူမတို့နှစ်ဦးအတွက်ဘယ်လိုအခက်အခဲတွေကို လက်ဆောင်ပေးအုန်းမလဲ။
ဆိုးလ်မြို့ကြီးမှာအလုပ်ပတ်ရှာနေရတာ ခြေကုန်လက်ပန်းကျကာ မောပန်းနေပြီမို့ အနီးနားက shop ထဲဝင်ကာ အအေးတစ်ဗူးကိုကောက်ကိုင်လိုက်တဲ့အချိန် အလယ်တန်းကျောင်းသားအရွယ် ကောင်လေးတစ်ယောက်ဟာ ရေခဲမုန့်နှစ်ခုကိုသူ့လွယ်အိတ်ထဲကိုဟိုကြည့်ဒီကြည့်နှင့် ကောက်ထည့်လိုက်ကာ ဆိုင်ထဲကထွက်သွားသည်။
"ဘာလဲဟ"
ကောင်လေးရဲ့ကျောင်းဝတ်စုံဟာ ဟောင်းနွမ်းမနေတာကြောင့်ပိုက်ဆံအသင့်တင့်ရှိသည့်မိသားစုကပင်ဖြစ်မည်။ ဘာလို့များရေခဲမုန့်နှစ်ခုထဲနဲ့ဒီလိုစွန့်စားလဲဆိုတာယွန်းသိချင်မိတာကြောင့်ကောင်လေးနောက်ကိုပြေးလိုက်သွားကာ အော်ခေါ်လိုက်သည်။
YOU ARE READING
I Fell In Love (ချစ်ခဲ့မိသည်){ZG+Uni}
Romanceမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့ သူဆီကနေအချစ်တွေရလာတဲ့အခါ... idolနဲ့fan ချစ်ကြိုက်မိရင်... _Min Yoongi ×OC_ _Jeon Jungkook ×OC_ _fan fic_