One Shot (Unicode)

18 8 0
                                    

သို့.. သူငယ်ချင်းထက်ကျော်လွန်ရပါသော...

သူငယ်ချင်းအချစ် ? မဟုတ်ဘူး ခွန်းအပေါ်မှာထားတဲ့
နဒီ့ရဲ့အချစ်တွေက သူငယ်ချင်းဆိုတဲ့ထက် ပိုပါတယ်
ခွန်းရယ်... ဖွင့်ပြောချင်မိပါတယ် သူမလေးကို...
ဒါပေမယ့် သူငယ်ချင်းဆိုတဲ့ တံတိုင်းကြီးကို ကျော်ဖြတ်ဖို့
က နဒီ့အတွက် ခက်ခဲလွန်းတယ်...

ခွန်းဆိုတာ နဒီ့ရဲ့ အတွင်းသိအဆင်းသိ ငယ်သူငယ်ချင်း
တစ်ယောက်ပေါ့ အချစ်ဆုံးသူငယ်ချင်းဆိုရင်လည်း
မမှားဘူး နဒီဆိုတဲ့ ကျွန်မကလေ ဘယ်သူ့ကိုမှလည်း
မချစ်ခဲ့ဘူးဘူး ဒါပေမယ့်လေ သိလိုက်ရတာက ကျွန်မက
လေ အချစ်ဆုံးသူငယ်ချင်းအပေါ်ကို သူငယ်ချင်းအချစ်
မဟုတ်တဲ့အချစ်နဲ့ ချစ်မိနေတယ်တဲ့! ဟာသဘဲနော်
ကျွန်မက lesbianတစ်ယောက်မဟုတ်သလို ဘယ်
ကောင်လေးကိုမှလည်း စိတ်မဝင်စားခဲ့ဘူး ခွန်းအပေါ်ကိုအဲ့လိုခံစားချက်ဖြစ်နေတယ်ဆိုတာ သိကတည်းက
ကျွန်မသူ့ကို အပြစ်ရှိတဲ့ ခံစားချက်ကြီးနဲ့ ရှောင်နေခဲ့တယ်

ဒါပေမယ့်လေ ပိုရှောင်လေ ခံစားချက်တွေက ပိုတိုးလေဘဲသူငယ်ချင်းဆိုတဲ့ စည်းကိုကြောက်လို့ ဖွင့်ပြောရဲတဲ့သတ္တိလည်းမရှိခဲ့ဘူး သတ္တိရှိလာပြန်တော့လည်း သိလိုက်ရတာက သူမမှာချစ်ရမယ့်ကောင်လေးရှိနေပြီတဲ့လေ ဟား..ကျွန်မဘဲကံဆိုးတာပါ အဲ့တာလည်း ကောင်းပါတယ် ပတ်ဝန်းကျင်ဆိုတာကြီးက မိန်းကလေးနှစ်ယောက်ရဲ့ချစ်ခြင်းကို ဘယ်လိုလုပ် နားလည်းပေးမှာလည်း..သူမဘာသာ သာမန်ဘဝလေးနဲ့ဘဲ ပျော်နေပါစေ..

ကျွန်မလေ ကိုယ့်ကိုယ်ကို မုန်းမိတယ် သူမဘက်က
ရိုးရိုးသားသားဂရုစိုက်ပြခဲ့တာကို ကျွန်မက ဟိုထင်ဒီထင်
တွေးနေခဲ့မိတာ... အဆုံးမှာတော့ ကျွန်မရဲ့ခံစားချက်
သက်သက်ပါဘဲ ကျွန်မဆုံးဖြတ်လိုက်ပြီ သူမနဲ့ဝေးရာကို
ထွက်သွားတော့မယ် ခံစားချက်တွေကိုလည်း နှလုံးသားရဲ့အနက်ဆုံးအပိုင်းမှာဘဲ သိမ်းဆည်းထားလိုက်တော့မယ်..နောက်ဆုံးအနေနဲ့ ဒီစာကို ချန်ထားခဲ့ပါတယ်...
နှုတ်ဆက်ပါတယ်... ချစ်ရတဲ့ ခွန်းရေ..

သို့ နဒီ...

ငါတကယ် မထင်ထားခဲ့ဘူး နင့်ဘက်ကလည်း ငါ့အပေါ်ကိုချစ်နေခဲ့မယ်ဆိုတာ.. ငါလည်းဝန်ခံပါတယ် ငါ့လည်းနင်နဲ့ ထပ်တူ နင့်ကိုချစ်နေခဲ့မိတယ် ပတ်ဝန်းကျင်ဆိုတဲ့အရာကြီးကို ခေါင်းထဲထည့်မနေနဲ့ ငါနင်နဲ့အတူအဲ့အရာကြီးကိုရင်ဆိုင်မယ်လေနော်... တကယ်တော့ ငါနင့်ကိုလိမ်ခဲ့မိတယ် ငါချစ်တာကောင်လေးမဟုတ်ပါဘူး ကောင်မလေး ဖြစ်တဲ့ နဒီဆိုတဲ့ နင့်ကိုဘဲ.. ငါလည်း ဖွင့်မပြောရဲခဲ့လို့ကောင်လေးလို့ပြောမိခဲ့တာပါ တောင်းပန်ပါတယ်ချစ်ရတဲ့နဒီရေ ဒီစာကိုရရင် ပြန်လာခဲ့ပေးပါနော်..
နင့်ကိုငါစောင့်နေမှာပါ.....

{စာရေးသူ၏စိတ်ကူးသက်သက်သာ... ဤတွင်ပြီး၏)

Thank For You Reading and Voteing..

More Than Friend (Oneshot)Where stories live. Discover now