-2-

721 60 133
                                    

Unicode


မှောင်နေတဲ့ကျောင်းက ဘယ်သူမှမရှိတော့တာ သေချာလောက်အောင် တိတ်ဆိတ်နေသည်။
ဒီလိုတိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို Jay က သဘောကျသည်။ ဒါကြောင့်ပဲ Jake ကလဲ လိုက်ပြီး သဘောကျဖို့ ကြိုးစားခဲ့ဖူးသည်။

အခုတော့ Jay အတွက်နဲ့၊ Jay ကြောင့်နဲ့ပင် Jake ကိုယ်တိုင်က တိတ်ဆိတ်မှောင်မိုက်မှုတို့တွင် ပျော်မွေ့တတ်နေပြီ။

အထူးသဖြင့် အမြဲ Jay ကြောင့် အသည်းကွဲလေ့ရှိတဲ့ Jake အတွက် အကောင်းဆုံးအဖော်မွန်ဟာ တိတ်ဆိတ်မှောင်မိုက်မှုတစ်ခုတည်းသာ ဖြစ်သည်။

အာ.. တစ်ခုတည်းဘယ်ဟုတ်မလဲ..။
Jay နဲ့တူတူသောက်နေကျ ဘီယာဘူးတွေလဲ တွဲရက်ပါခဲ့တာပေါ့။

Jay နဲ့အတူရှိခဲ့ဖူးသမျှ အခိုက်အတန့်တိုင်းဟာ Jake အတွက် မြတ်နိုးရတဲ့ အမှတ်တရတွေပဲဖြစ်နေ၏။ အမြဲတမ်း Jake ရဲ့ မှတ်ဉာဏ်တို့နှင့် စိတ်အစဉ်တို့တွင် ကြီးစိုး၏။

အမြဲ Jay နဲ့အတူထိုင်နေကျ အနည်းငယ် သံချေးတက်နေသော အဖြူရောင်သုတ်ဆေးတို့သုတ်ထားသည့် ဘောလုံးဂိုးတိုင်ကို မှီကာ ထိုင်ချလိုက်ရင်း ပါလာသမျှ အိတ်တွေကို ဖြစ်သလို ပစ်ချလိုက်သည်။

ခပ်မြန်မြန်ပဲ အနက်ရောင် ကြွပ်ကြွပ်အိတ်ထုပ်ထဲက ဘီယာတစ်ဘူးကို ထုတ်ပြီး ခါးသက်သက်အရသာတို့တွင် လျှင်လျှင်မြန်မြန် ကျင်လည်နိုင်ဖို့ ကြိုးစား၏။

" Congratulations Jake! မင်း အသည်းကွဲတာတောင် အဆင့်တက်သွားတာပါလား .."

"အတည်တဲ့။ အဲ့ဒီ့လူသားလေးက သူ့အတွက် အတည်တကျအတူရှိနေချင်တဲ့ လူသားတစ်ယောက်ကို ရှာတွေ့သွားပြီတဲ့။"

" သေချာပေါက် အဲ့ဒီ့လူသားက မင်းမဟုတ်ဘူးပေါ့။"

"ဟက်"

စကားတစ်ခွန်းဆုံးတိုင်း ဘီယာဘူးကို မော့နေတာကြောင့် ဘာမှသိပ်မသောက်ရသေးခင်မှာပင် ဘီယာ တစ်ဘူးက ပြောင်သွားရသည်။

ကြွပ်ကြွပ်အိတ်အနက်ထဲကို နောက်ထပ်ဘီယာတစ်ဘူးအတွက် ထပ်ပြီး နှိုက်နေတုန်း ဘုတ်ခနဲ တစ်ခုခုပစ်ချလိုက်တဲ့အသံကို ကြားလိုက်ရ၏။

𝘓𝘰𝘷𝘦 𝘔𝘦 𝙉𝙊𝙏 || 𝘑𝘢𝘺𝘬𝘦Where stories live. Discover now