အဝါရောင်လွယ်အိတ်ကို ဝတ်ဆင်ထားပြီး ကတ္တီပါအနက်ရောင်ကို စီးထားသည့်
ဖြူဖြူဖွေးဖွေးနဲ့ချစ်စဖွယ်ကောင်ငယ်လေးကကျောင်းစတက်တဲ့နေ့မှာ သူ့စီမှ ပိုက်ဆံချေးလိမ့်မယ်လို့ ဘယ်သူက ထင်မည်လဲ။ ထိုကောင်လေးကို သူက သဘောကျသွားမည်လို့လည်း
မည်သည့် တစ်စုံတစ်ယောက်ကမှ ထင်မထားလောက်ပေ။တွေးတောရသည်ကို ကြိုက်တတ်တဲ့သူဖြစ်သည်ကြောင့်လားမသိ အချစ်ရေးမှာလည်း တွေးတောစရာရှိလာခဲ့သည်။ သူက သူ့ကို ချစ်တယ် ကြိုက်တယ် ဖွင့်ပြောတော့ သူ့ကို မမေးပါနဲ့ လူကြီးတွေစီလာတောင်းပါတဲ့။ မိဘတွေစီကနေလားဆိုတော့ မဟုတ်ဘူး သူကြီးစီကနေတဲ့။
နားလည်ရခက်တဲ့ပုစ္ဆာကို ဖြေရှင်းဖို့အတွက် ခေါင်းရှုပ်နေတုန်း ကောင်လေးက သူ့အိမ်ပြန်သွားတယ်။ လိုက်လာဖို့ ခွင့်တောင်းတော့ လိပ်စာကို ညွှန်ပြန်တယ်။
နေကြာတွေရှိတဲ့အရပ်ကိုသာ လှမ်းခဲ့ပါတဲ့။
ရောက်သွားပြန်တော့လည်း တမူထူးခြားတဲ့အကြောင်းအရာတွေနဲ့ ရွာကြီးလေးရွာက ကြိုဆိုနေပြန်တယ်။
Zawgyi
YOU ARE READING
မောင့်နေကြာ
Mystery / Thrillerနေကြာတွေရှိတဲ့အရပ်ကိုသာ အရောက်လှမ်းခဲ့ပါအမောင် ထိုအရပ်ရောက်ရင် နေမင်းကြီးကို ငေးကြည့်နေတဲ့ နေကြာတွေလေးတွေကို မေးကြည့်လိုက်ပါ အဲ့ဒီ့အခါ သူတို့က မေးငေါ့ပြပါလိမ့်မယ် အချစ်ရှိတဲ့အရပ်မျက်နှာကို စစ်...