'ကိုးခေတ္တရာမောင် ဗေဒင်ဟောသည်
ဥာဏ်ပညာကိုသာ အခကြေးငွေအဖြစ်ယူသည်'ချိတ်ထားသော ဆိုင်းပုဒ်ကို ကြည့်ပြီး စစ်စစ် စိတ်ဝင်စားမိသွားသည်။ ဆိုင်းပုဒ်ဆိုပေမယ့် အရမ်းအကြီးတော့မဟုတ် သင့်ရုံမျှလောက် အနေနှင့်သာ။
ဆိုင်းပုဒ်အောက်တွင် လမ်းညွှန်ချက်တစ်ခုတွေ့လိုက်သည်။ ဟောပြောမည့်နေရာသို့ လမ်းညွှန်ထားခြင်းဖြစ်သည်။
' ဒီနေရာကနေ နေထွက်ရာအရပ်ကို ခြေလှမ်း100 လှမ်းပါ သကြန်ငွေ့အသက်ရနိုင်
တဲ့အရာကို ရွေးချယ်ပြီး နောက်ထပ် အလှမ်း 100 ထပ်လှမ်းပါ သင်က သရဲမကြောက်တတ်တဲ့သူဖြစ်ရပါမယ်'စစ်စစ်အနည်းငယ် စဥ်းစားလိုက်သည်။နေထွက်ရာအရပ်ဆိုသည်မို့ ငယ်ငယ်တုန်းက ဆိုခဲ့ရတဲ့ကဗျာအတိုင်း လက်နှစ်ဖက်ကိုဆန့်တန်းလိုက်သည်။ထို့နောက်ခြေလှမ်း 100 တိတိ ပုံမှန်အနေအထားလှမ်းပြီး သွားလိုက်သည်။
လမ်းဆုံးတော့ လမ်းနှစ်ခွကိုတွေ့ရသည်။ အဆောင် (3) သွားသည့်လမ်းနှင့်အဆောင် (2)သွားသည့်လမ်းဖြစ်သည်။ မည်သည့်လမ်းကို ရွေးရမည်ဆိုတာမသိခင် ခုနက ဖတ်ထားသော စာသားကို သတိရမိသွားသည်။
'သကြန်အငွေ့အသက်ရတဲ့အရာကိုရွေးချယ်ပြီး နောက်ထပ်အလှမ်း 100 လှမ်းပါ'
သကြန်အငွေ့အသက်ရတဲ့အရာ! ဘေးပတ်ပတ်လည် ပတ်ဝန်းကျင်ကို ကြည့်မိသည်။သတိထားမိသွားသည်က ပိတောက်ပင်ကြီးက အဆောင် (3)သို့ သွားသည့်လမ်းရဲ့ ဘေးဘက်တည့်တည့်တွင် တည်ရှိနေ၏။ထို့ကြောင့် စစ်စစ် ထိုလမ်းကို ရွေးချယ်လိုက်သည်။အလှမ်း 100 ထပ်လျှောက်ပြီးနောက် အဆောင် (3) သို့ရောက်ရှိသွား၏။ သို့သော် ဘာဆက်လုပ်ရမည်ဆိုတာ မသိ။
စာ၏နောက်ဆုံးအချက်အရ သင်က သရဲမကြောက်တတ်တဲ့သူဖြစ်ရမည်တဲ့။ စစ်စစ်က ဧကန်မုချ လုံးဝမကြောက်တတ်တဲ့သူ မဟုတ်ပေမယ့် တအားကြောက်တဲ့သူလည်း မဟုတ်ပေ။
ဒါမဲ့ထိုအချက်က ထိုအရာကို ရည်ရွယ်တာမဟုတ်မှန်းသိ၏။သို့ပေမယ့်လည်း ဘာကိုရည်ရွယ်မှန်းသူမသိ။နောက်မှ တွေးရင်းနဲ့သဘောပေါက်သွားပြီး ဂဏာန်းတစ်ခုပါတဲ့အခန်းတစ်ခန်းကို လိုက်ရှာတော့သည်။
YOU ARE READING
မောင့်နေကြာ
Mystery / Thrillerနေကြာတွေရှိတဲ့အရပ်ကိုသာ အရောက်လှမ်းခဲ့ပါအမောင် ထိုအရပ်ရောက်ရင် နေမင်းကြီးကို ငေးကြည့်နေတဲ့ နေကြာတွေလေးတွေကို မေးကြည့်လိုက်ပါ အဲ့ဒီ့အခါ သူတို့က မေးငေါ့ပြပါလိမ့်မယ် အချစ်ရှိတဲ့အရပ်မျက်နှာကို စစ်...