Part(1)

1.1K 62 1
                                    

နွေးဉီးရာသီ သာ"ယာ" ရှိနေသောနေ့အချိန်တစ်ခုတွင်

"ဟေ့~ဟိုကောင်သေး"လေး မင်းမိဘတွေရောဘယ်မှာလဲ" ၁၃ နှစ်အရွယ် ခန့်ချောချောကောင်းလေးကမေးသည်။

သို့သော်ဘာအဖြေမှပြန်မလာပဲ ရှိက်ကြီးတငင်ငင်ငိုနေသောကောင်းလေးသည် ပို၍ဆိုးလို့တောင် အော်ဟစ်ငိုနေသည်။

"ကဲ ဒီမှာကောင်သေး"လေး မိဘတွေမပါဘဲလျှောက်သွားပြီးလမ်းပျောက်နေတာလား... မင်းဘယ်မှာနေလဲ ကိုကိုပြန်လိုက်ပို့ပေးမယ်"

တောက်လျှောက် မေးနေတဲ့ ကိုကို ကြောင့် ကောင်ငယ်လေးမှာ "အီးဟီး...ကျနော့်မှာမေမေရှိဝူး ဖေဖေလည်းရှိဝူး ဟိုမိဘမဲ့ကျောင်းဆိုလားဘာလား အဲ့ကအဒေါ်ကြီးတွေကဆူလို့ ထွက်ပြေးလာတာ အီးဟီး..."

ဪ လက်စသတ်တော့ ဒီကောင်ငယ်လေးက မိဘမဲ့ကိုး။

"အဲ့ဒါဆိုမင်းနာမည်ပြောပြပါလား...ကို့နာမည် အီဟီဆွန်းတဲ့ ကိုကိုလို့ခေါ်လို့ရတယ်"

"ဟု...ဟုတ်ကဲ့ ကျနော့်က ဆောင်ဟွန်း ပတ်ဆောင်ဟွန်းပါ" ဆိုပြီးကောင်ငယ်လေးက ကြောက်"ရွံ့"ဖြင့်ပြန်ဖြေသည်။

"ဪဟုတ်ပါပြီဗျာ"

"...."

"မင်းမှာနေစရာမရှိရင်ကိုကိုကို့ အိမ်ခေါ်သွားပေးမယ်လေ... အိမ်ရောက်ရင်မုန့်တွေရော အရုပ်တွေရောပေးမယ်"

"အား...တကယ်ကြီးလား ကိုကို အာ့ဆိုကျနော်တကယ်လိုက်ခဲ့လို့ရလား" ဆိုပြီးဆောင်ဟွန်းကပြုံးပြီးပြန်မေးလိုက်တယ်။

"တကယ်လိုက်ခဲ့လို့ရတာပေါ့ ကို့အိမ်မှာ ကို နဲ့ ကို့ဖေဖေ ပဲနေတာ ကျန်တာကတော့အိမ်ကအလုပ်သမားတွေပေါ့"

ဒါပေါ့ အီဟီဆွန်းဆိုတာ အချမ်းသားဆုံးကုမ္ပဏီပိုင်ရှင်ရဲ့သားလေ။ စာလည်းတော်သလို အမေမရှိတဲ့အတွက်နည်း"ဆိူးတာပေါ့။ ကျောင်းမှာဆို Top student ထဲကတယောက်အပါအဝင်ဖြစ်ပြီးတော့ မိန်းကလေးတော်"များ"ကြိတ်ကြွေရတဲ့ ACE ။ အပေါင်းအသင်းဆက်ဆံရေးကတော့ ဆိုးလွန်းလိူ့ကိုဘယ်သူ့မှအနားမကပ်ရဲဘူး။

~~~~~~(:

11 𝒚𝒆𝒂𝒓𝒔 𝒍𝒂𝒕𝒆𝒓....

"ကိုကိုရေ..."

Be My Forever [ Heehoon]Where stories live. Discover now