Ep - 1

6.5K 363 30
                                    

(Unicode)

" ကျွီ "

ဧည့်သည်မရှိတော့တဲ့ ခေါက်ဆွဲဆ်ိုင်လေးကို ပိတ်မလို့လုပ်ရင်းမှ ကောင်လေးတစ်ယောက်က ဆိုင်က မှန်တံခါးကို အပြေးလာဖွင့်၏။

ဆံပင်အပြာရောင်လေးနှင့် အမောတကောပြေးလာသည့်ကောင်လေးက ညပိုင်းဒီလိုအချိန်မှ ရောက်လာတတ်သည်မှာ ခြောက်လ ခန့်ရှိနေပြီ။

" ခါတိုင်းလိုပဲ အမဲလုံးခေါက်ဆွဲကို နံနံပင်များများနဲ့နော်အစ်ကို "

တစ်ရက်ခြားတစ်ခါ အမဲလုံးခေါက်ဆွဲနှင့် ကြက်သားခေါက်ဆွဲကို အလှည့်ကျ စားတတ်သည့်ကောင်လေးက တစ်ခါလေးတောင် မငြီးငွေ့ဘူးလားမသိပါ။ ကောင်လေးမှာတတ်တဲ့ ခေါက်ဆွဲပွဲတွေက  အမြဲတမ်းအချိုပဲဖြစ်ပြီး ချပေးထားတဲ့ ငရုတ်သီး ပန်းကန်ကျ တစ်စက်မှ မထိတာကြောင့် ကောင်လေးမှာ အစပ်မစားနိုင်မှန်း သိလိုက်ရ၏။

" ရပါပြီ ..အေးဆေးစားနော် ညီ ၊ အစ်ကို ပန်းကန်တွေ ဆေးလိုက်ဦးမယ် "

မှန်တံခါးမှာ ချိတ်ထားတဲ့ open ဆိုတဲ့ကဒ်ကလေးကို  Close ဆိုတဲ့ ကဒ်ကလေးနဲ့ ပြောင်းချိတ်လိုက်ပေမယ့် ဆိုင်တွင်းမှာတော့ ဆံပင်အပြာလုံးလေးနဲ့ ဧည့်သည်တစ်ယောက်တော့ ရှိနေပါသေးသည်။

" ဒီမှာ ကျသင့်ငွေပါ ကောင်းကောင်းအနားယူပါအစ်ကို "

ခေါက်ဆွဲကို ငြိမ်ငြိမ်လေးထိုင်စားလို့ စားပြီးတာနဲ့ ပိုက်ဆံကို ပန်းကန်လုံးနဲ့ ဖိထားခဲ့ကာ နှုတ်ဆက်ပြီးပြန်ပြန်သွားတတ်တာလည်း ထိုကောင်လေးရဲ့ အကျင့်တစ်ခုပင်ဖြစ်၏။

တစ်ရက်မပျက်ခေါက်ဆွဲလာစားရင်း  ထိုသို့ပဲပြုမူတာဖြစ်သည်။

ခုနှစ်လမြောက်အကြာမှာတော့ ခေါက်ဆွဲဆိုင်ပိုင်ရှင်လည်း မနေနိုင်မထိုင်နိုင်ဖြင့် ထိုဖောက်သည်လေးအား စကားစဖို့ ဆုံးဖြတ်လိုက်သည်။

ဒီနေ့တော့  ကောင်လေးနဲ့ စကားပြောချင်လို့ကို ပန်းကန်တွေကို အလုပ်သမားကောင်လေးတွေကို ဆေးခိုင်းပြီး စောင့်နေတာဖြစ်သည်။ ကောင်လေးမှာ စားပြီးလို့ ပိုက်ဆံပေးပြီး ထသွားတော့မှာကြောင့် ဆိုင်ရှင်လည်း အမြန် စကားစရ၏။

Love Me Now (Zhanyi  - Completed)Where stories live. Discover now