Ep -3

4.5K 335 25
                                    

(Unicode)

နောက်နေ့မနက်ကစလို့ ရိပေါ်လည်း အရှက်လွန်ပြီး ရှောင်းကျန့်နဲ့ မတွေ့အောင်ရှောင်နေပါတော့သည်။ စာချုပ်သက်တမ်းကုန်တာနဲ့ ဒီအိမ်မှာ မနေတော့ပဲ အလုပ်ထွက်ဖို့ပါဆုံးဖြတ်ထားသည်။

ရှောင်းကျန့်ကတော့ အားတာနဲ့ ရိပေါ်နားပဲကပ်နေ၏။ အတူဆုံချိန်တောင် မျက်နှာလွှဲခံထားရတာကြောင့် စိတ်မကောင်းတော့ဖြစ်မိသည်။ အဲ့ဒီနေ့ညက ကြမ်းမိတာ ကိုယ့်ကိုယ်ကို အသိဆုံး။

ရိပေါ်က ကလပ်သွားတယ်ဆိုလို့ နောက်ကနေလိုက်ပြီး စောင့်ကြည့်တုန်း မိန်းကလေးတစ်ယောက်နဲ့စကားပြောနေတဲ့ ရိပေါ်ကိုကြည့်ရင်း တစ်ခွက်ပြီးတစ်ခွက်သောက်နေမိသည်။ ထိုမိန်းကလေးကို ရင်ခွင်ထဲထည့်ဖက်လိုက်တဲ့အခါ အရက်ဝင်ထားတဲ့အရှိန်နဲ့ရော ဒေါသနဲ့ရောပေါင်းပြီး ကြမ်းမိသွားတာဖြစ်၏။

ထိုကိစ္စအား တောင်းပန်ဖို့ရာကို ရိပေါ်က သူ့ကိုတွေ့ရင် အတင်းရှောင်ပြေးနေတာနဲ့ပင် ခက်နေတော့သည်။

ထမင်းစားပွဲတွင်ရိပေါ်က အားယွမ်ကို ထမင်းခွံ့ရင်း ကိုယ်တိုင်လည်းစားနေ၏။

ဝက်သားစင်းကောကိုစားမယ်အလုပ်မှာ ညှီနံ့ရပြီးပျို့တက်လာ၏။ ထမင်းစားပွဲက လူကြီးတွေကို အားနာပေမဲ့ ထိန်းမရတော့သောကြောင့် အိမ်သာထဲအပြေးသွားကာအန်မိသည်။

ရိပေါ်ကိုကြည့်ပြီး နေမကောင်းတာများလားဟုရှောင်းကျန့်ကစိုးရိမ်သွားသည်။ ဟိုကိစ္စကြောင့် နေမကောင်းဖြစ်ရအောင်ကလည်း ဟိုကိစ္စကပြီးသွားတာကြာပြီလေ။

အိမ်သာထဲမှာ ငုံ့ပြီး ဆက်တိုက်အန်နေရင်း ရိပေါ်လည်း ရင်ဘတ်အားဖိထားမိသည်။ ဒီလိုဖြစ်နေတာ နှစ်ရက်သုံးရက်ရှိပြီ။ အသားစားမယ်ဆိုတိုင်း စားလို့မရအောင်ညှီပြီး ပျို့အန်၏။

အန်လို့ပြီးပြီဆိုပြီး အိမ်သာထဲကအထွက် ခေါင်းမူးလာပြီး အသိတွေဝေဝါးကာ လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွား၏။

" ရိပေါ် .. သတိထားဦးလေ .... ရိပေါ် "

ဆရာဝန်က စမ်းသပ်စစ်ဆေးပြီးနောက် ရှောင်းကျန့်ကို တစ်ခွန်းပြောလိုက်၏။ ထိုစကားက ရိပေါ်မှာ ကိုယ်ဝန်ရှိနေပါပြီဆိုတဲ့အကြောင်းဖြစ်သည်။

Love Me Now (Zhanyi  - Completed)Where stories live. Discover now