Part 10

10.8K 104 0
                                    

(Unicode)

မ ဆီကဆိုတာ သိလိုက်ရတာနဲ့ အားတက်သရော ဖွင့်ကြည့်လိုက်သည်။

"အမ် သားရေခါးပတ်ကြီး"

မရဲ့ လက်ဆောင်ကို မြင်ပြီးမှပဲ ဟန်တစ်ယောက် ရင်ခုန်နှုန်းတွေ ပြင်းထန်လာပြီး စိုးရိမ်စိတ်တွေက ပိုလာသည်။

(ဘာလို့ လက်ဆောင်က ခါးပတ်ကြီးလဲ)

(မ တအားစိတ်ဆိုးသွားတာများလား)

(ငါ ဘယ်လို လုပ်သင့်လဲ)

(ဖုန်းခေါ်ပြီး ရှင်းပြလိုက်ရမလား)

(မဖြစ်သေးဘူး မ အလုပ်ရှုပ်နေရင် နှောင့်ယှက်ရကောင်းလားဆိုပြီး အပြစ်ပိုကြီးသွားလိမ့်မယ်)

(ဒါမှ မဟုတ် စာပို့ပြီးရှင်းပြလိုက်ရမလား)

တွေးနေရင်းမှာပဲ မ ဆီက မက်ဆေ့ ရောက်လာသည်။

📥 🎁လက်ဆောင် ရလား

📤ရတယ် မ🥺

📥အဲ့ဒါ တကယ့်အဓိက လက်ဆောင် မဟုတ်သေးဘူး။ အပေါ်ဆုံးအထပ်က မရဲ့ ရုံးခန်းကို အခု လာခဲ့။

📤ဟုတ် မမ။သား ချက်ချင်း လာခဲ့မယ်ဗျ

အပေါ်ထပ်ကို သွားဖို့ ခြေထောက်က တုန်နေသလိုလို။ကြက်သီးမွေးညှင်းတွေ ထလာသလိုလိုနဲ့။အပေါ်ဆုံးအထပ်ရောက်တော့ လူတွေက ရှင်းနေသည်။ဒါက ပထမဆုံးအကြိမ် အပေါ်ဆုံးအထပ်ကို ရောက်ဖူးတာမဟုတ်လား။ပြီးတော့ မရဲ့ အခန်းက ဘယ်မှာမှန်းလည်း မသိ။လျှောက်လာရင်း လမ်းဆုံးတော့အခန်းတစ်ခန်းကို တွေ့သည်။မရဲ့ အခန်းကို မေးကြည့်မည်ဟု တွေးကာတံခါးခေါက်လိုက်သည်။

"ဒေါက် ဒေါက်"

ဘာသံမှ မကြားရ။ခဏကြာစောင့်ပြီးမှ ဘယ်သူမှ မရှိဘူးအထင်နဲ့လှည့်ပြန်ရန်ပြင်လိုက်တော့ မက်ဆေ့ ရောက်လာသည်။

📥အထဲ ဝင်ခဲ့

တံခါးကို ဖွင့်ကြည့်တော့ တံခါးပွင့်သွားပြီး မမက စားပွဲခုံကိုမှီရင်း လက်ပိုက်ကာ ရပ်စောင့်နေလေရဲ့။

"ဟီး မမ သား"

စကားမဆုံးခင်မှာပဲ ဟန့်အကြည့်က စားပွဲပေါ်က ပန်းစည်းကို ရောက်သွားသည်။ဟန် ဒူးထောက်ချလိုက်ပြီး မမဆီကို ဒူးထောက်ရက် သွားလိုက်တော့ မမ‌ကရှောင်ထွက်သွားသည်။ဟန် စိတ်မကောင်းဖြစ်သွားပြီး မမ စိတ်အရမ်းဆိုးသွားပြီအထင်နှင့် ဝမ်းနည်းမိသည်။

Intricate Love Season 1 🔞🚫Wo Geschichten leben. Entdecke jetzt