Zawgyi
♥️ မမကိုချစ်မိတာ အပြစ်လား♥️
--------------------------------------------"🎼 မမရဲ့ အရှေ့မှာ...ခေါင်းငုံ့ခြေစုံရပ်ကာ...အသက် ဝိဉာဉ်မပြီပြင်တယ်...ကျွန်တော် ကျောက်ရုပ်ဖြစ်နေ....ပြောဖို့ ကြံစည်ထားတဲ့ စကားလုံးတွေ..ပျောက်ဆုံးပြီ...အသဲနှလုံးတွေ တုန်ရီနေပြီ...မရယ်ပါနဲ့မမရယ်....ဒီကောင်ချစ်တာ..ရင်ထဲက သိရဲ့လား.....🎼 "
အိမ်ရှေ့ လမ်းဘေး ပလက်ဖောင်းဆီမှ ဂစ်တာအသံ ဒေါင်ဒေါင် ဒင်ဒင်များကြောင့် ခင်ရတနာ တစ်ယောက် သူမအိပ်ခန်းအတွင်းမှ ခန်းစည်းလေးအား အသာဖွင့်ကာ လှမ်းကြည့်မိသည်။
ဟင့်...ရပ်ကွက်ထဲမှ လူပျိုပေါက်သာသာ ကလေးတွေပါပဲလား...အို ရှုပ်ရှုပ်ယှက်ယှက် ဘာကြောင့်များ ခင့်အိမ်ရှေ့ ဆူဆူညံညံ ဂစ်တာတီးပြီး သီချင်း လာဆိုရဲ ရတာပါလဲ!!
ပြောပြောဆိုဆိုဖြင့် ခင်ရတနာ အိပ်ခန်းတွင်းမှ ဧည့်ခန်းဆီသို့ ခြေကြွနှင်းခဲ့တော့သည်။ အိမ်ရှေ့ တံခါးမကြီးမှ အိမ်အပြင်ဘက်သို့ စူးစူးစိုက်စိုက် ချောင်းမြောင်း ကြည့်နေပါသော ဖေဖေ့အား တွေ့ရသည်။
"ဘယ်ကောင်တွေကများ ငါ့အိမ်ရှေ့အထိလာပြီး ငါ့သမီးကို သီချင်းလာဆိုရဲတာလဲကွ!!"
အဖေဖြစ်သူ၏ ကြိမ်းဝါးသံများ ကြားလိုက်ရ၍ ခင်ရတနာ တစ်ချက်တော့ တုန်လှုပ်သွားရသည်။
" ဖေဖေရေ...သမီးလည်း ပြောမလို့ထွက်လာတာ...ဆူညံဆူညံနဲ့ လူအိပ်ချိန်ကို လူလိုမသိကြဘူး "
ခင်ရတနာ၏ စကားအဆုံးတွင် အဖေဖြစ်သူမှာ မျက်မှန်ကိုင်း တစ်ချက်တင်ကာ ပုဆိုးအား မ,၍ ခြံပြင်သို့ ထွက်သွား လေသည်။
တစ်ခဏ အကြာတွင် ဂီတာသံတိတ်ဆိတ်သွားကာ အဖေဖြစ်သူလည်း အိမ်အတွင်းသို့ ပြန်ဝင်လာသည်။ အေးအေးဆေးဆေး ဖြစ်သွားကာမှ ခင်ရတနာ သူမ၏ အိပ်ခန်းအတွင်းသို့ ပြန်ဝင်ခဲ့တော့သည်။
..........🎶
Raing!!Raing!!!Raing!!!!
ထပ်ခါတလဲလဲ မြည်နေသော နံပါတ်စိမ်း ဖုန်းအဝင်ကောလေးအား ခင်ရတနာ တမင်မကိုင်ဘဲ ထားထားပစ်သည်။
YOU ARE READING
One short Collection (Normal)
Short Storyကိုယ့်ရဲ့ Normal One short လေးတွေပါ။စိတ်ကူးထဲ ပေါ်လာတာလေးတွေကို ဖန်တီးဖြစ်တာပါ❤️