part 8

5.2K 178 25
                                        

ဖြူ‌ဖျော့စွာနိုးထလာခဲ့တဲ့ Taehyung ပင်။
နှုတ်ခမ်းနဲ့ ပါးစောင်တို့က ရောင်ကိုင်းလျက်
ခန္ဓာကိုယ်အနှံ့ခါးပတ်ရာများမှာမြင်မကောင်း
သူ့ရဲ့မျက်ဝန်းတို့ကလဲ ဖူးရောင်နေပီး အလွန်ပင်ဝမ်းနဲနာကျင်နေသယောင် လှပတဲ့မျက်ဝန်းထက်
အရည်လဲ့လာပီးတဲ့နောက် မျက်ဝန်းထဲမှ
မျက်ရည်တစ်ချို့ အပြိုင်အဆိုင် စီးဆင်းသွား၏
သူငိုနေသည့်ကြားမှ ပြုံးနေသည်
သူ့ရဲ့အပြုံးတေက မျက်ရည်တေကြားထဲ
အတောက်ပဆုံးဖြစ်နေခဲ့သည်တဲ့လေ။
သူ့ရဲ့နှုတ်ခမ်းထက်က ပထမဆုံးထွက်ကျလာတဲ့
စကားလုံးက "တောင်းပန်ပါတယ် ကိုကို" တဲ့လေ
တိတ်ဆိတ်နေတဲ့အခန်းထဲမှာ သူ့ရဲ့အသံသဲ့သဲ့က
နာကျင်ဖွယ်ရာအတိဖြစ်နေသည်။

Jeon-အသက်ပြင်းလွန်းလို့ လူလား တိရစ္ဆာန်လားတောင်မသဲကွဲတော့ဘူး တကယ့် ဂျိုဆိုးပဲ

အခန်းထဲဝင်လာတဲ့ ခန့်ညားလွန်းတဲ့အမျိုးသား
သူက တည်ငြိမ်တဲ့ မျက်နှာထား ကြည်လင်တဲ့
အသံတို့ဖြင့် စကားဆိုလေသည်။
သူ့ရဲ့စကားတေက ခပ်ထန်ပီး နာကျင်စရာပင်။

Tae-taeကိုသိပ်သေစေချင်ရင်လဲ မေ့နေတဲ့အချိန်အတွင်းမှာ သတ်ဖို့အခွင့်အရေးတေရှိတာပဲ သတ်ပြစ်လိုက်ရောပေါ့ ကိုကိုက taeကိုမသတ်ရက်လို့သာ မသတ်ခဲ့တာလေ

Jeon-မင်းကိုယ်မင်းသိပ်ပီးအထင်ကြီးလွန်းနေတာပဲ Kim Taehyung ငါကမင်းကိုမသတ်ရက်တာမဟုတ်ဘူး မသတ်ခဲ့တာ မင်းလိုကောင်က
ငါ့ရဲ့အမုန်းတေကို ခံဖို့ ထိုက်တန်တယ်မလား
ပီးတော့ မင်းကိုသတ်ပီး လူသတ်သမားအဖြစ်နဲ့
ငါ့လက်ကိုသွေးစွန်းမခံဘူး တခြားသူကို ငွေပေးပီး သတ်ခိုင်းလိုက်မှာ

Tae-ဟက် Kim Taehyungဆိုတဲ့ကျတော်ကိုက
အမှတ်သည်းခြေမရှိတာပါ ဒီလောက်‌ေတာင်ခါးခါးသီးသီးဖြစ်နေတာကို ငါ့ကိုချစ်လာနိုင်ပါတယ်လို့တွေးနေမိသေးတယ်တဲ့လေ dramaတေထဲကလိုမျိုး ဘယ်လောက်မုန်းမုန်း အချိန်တန်ရင်
မင်းသားကမင်းသမီးကိုချစ်လာတာပဲလေ
ဒါမဲ့ ကျနော်မေ့သွားခဲ့တာက ကျနော်က ဒီဇာတ်လမ်းရဲ့မင်းသမီးမဟုတ်သလို ကိုကိုကလဲ
မင်းသားမဟုတ်ဘူးလေ ကျနော်က အရံအနေနဲ့ပါခွင့်ရတဲ့ဇာတ်လမ်းမှာ ကိုယ့်ကိုယ်ကို ဇာတ်လိုက်လို့ထင်ခဲ့မိတာကိုး ကျနော်က သိပ်ရီစရာကောင်းနေမှာပဲနော် ဟားဟား

Pain Of Hatred [ COMPLETE ]Where stories live. Discover now