မောရစံအိမ် (အတ္တစေရာ) - 1
The Victims of Greedပြင်ဦးလွင်မြို့အပြင်ဘက်တစ်နေရာ တွင်
သုံးမိုင်ခန့် ကျယ် ဝန်းသော ခြံဝန်းကြီးရှိသည်။
ထိုခြံဝန်းကြီးရဲ့ အလယ်တွင် ကျွန်းတိုင်လုံးများဖြင့်ထည်ဝါစွာ ဆောက်လုပ်ထားသည့် စံအိမ်ကြီးတစ်လုံးရှိလေသည်။ ထိုအိမ်ကြီးရဲ့ နံဘေးမှာ
နှစ်တိုက်အိမ် သုံးလုံးခန့်ရှိပြီး အိမ်အားလုံးက ပုံစံအတူတူပင် ဖြစ်သည်။ စံအိမ်ကြီးရဲ့ အနောက်မှာ တန်းလျား တစ်ခုရှိပြီး အလုပ်သမားတွေနေကြသည်။ထိုစံအိမ်ကြီး ရဲ့ အရှင်သခင်နှင့် သခင်မက
“ဦးမြတ်ခေါင် နဲ့ ဒေါ်စံထား"ဦးမြတ်ခေါင်ဟာ နှလုံးရောဂါကြောင့်
သေဆုံးသွားခဲ့ပြီဖြစ်သလို ဒေါ်စံထား ဟာလည်း အသက် ၇၀ကျော်နေပြီ မို့ လူကြီးရောဂါနှင့် မို့
သိပ်တော့ မစွမ်းတော့ပြီ ။သို့ပေမယ့် ဒေါ်စံထား ဟာ အာဏာစက်
ပြင်းထန်နေဆဲပင်။ဒေါ်စံထားပြီးလျှင် စံအိမ်ကြီးမှာ အာဏာအရှိဆုံးက “ဒေါ်မြတ်စန္ဒီထက်”
ဒေါ်မြတ်စန္ဒီထက် ဆိုသည့် နာမည်ကြားရုံနှင့် အိမ်သား အားလုံး ကြောက်ကြရသည်။ ကြောက်သည် ဆိုတာကလည်း လေးစား လို့ကြောက်ကြရခြင်း ဟုပြောရပေမည်။
သူမ ဟာ နာမည်နဲ့ လိုက်အောင် ထက်မြက်သလို ကျော့ရှင်းစွာ လှပသည်။
သူမဟာ ဝတ်စား ဆင်ယင်ရာတွင် ရှေးကျစွာ ဝတ်ဆင်သူမဟုတ်သလို ခေတ်ဆန်စွာ ဝတ်ဆင်သူလည်းမဟုတ်။
မြန်မာ ဆန်ဆန်နှင့် ခေတ်မှီစွာ ဝတ်ဆင်တက်ပြီး သူမကို ကြည့်လိုက်လျှင် အမြဲကျော့ရှင်းလို့နေသည်။ ဒီဇိုင်နာတွေက ပိုးထည်တွေကို သူမအတွက် ပုံစံမျိုးစုံနဲ့ ချုပ်ပေးကြရသည်။ သူမ ပွဲတက်ဖို့ ချုပ်ပေးကြသည့် ဝတ်စုံမှာ အနည်းဆုံး သိန်းတစ်ထောင် ထက်မနည်းလှပေ။
ရတနာ တွေ စီချယ်ထားသော ဝတ်စုံဟာ
သူမ ဝတ်လိုက်လျှင် အလွန်တင့်တယ်ပြီးကျက်သရေရှိလှသည်။
အသားအရေက ဆင်စွယ်ရောင်သန်းနေပြီး
နက်မှောင်ဖြောင့်ဆင်းသော ဆံကေသာ ၊
ငြှို့အားပြင်းပြင်း မျက်ဝန်းစုံကိုပါ ပိုင်ဆိုင်ထားသည်။ ထို့ကြောင့်သူမကို အားလုံးက
လေးစား ကြသလို အားကျကြသည်။

YOU ARE READING
မောရစံအိမ်(BL story)
Romanceအတ္တရဲ့စေရာနောက်လိုက်နေကြတဲ့ မောရစံအိမ်ကလူတွေကြားထဲက ယောက်ျားလေးနှစ်ယောက်ရဲ့ချစ်ခြင်းတရား