Spring

1.5K 150 110
                                    

​နွေရာသီမို့ ​တံလျပ်​တွေထကာ ​ခြောက်​သွေ့​နေတဲ့ အ​ဝေး​ပြေးလမ်းမ​ပေါ်မှာ အဖြူစွတ်စွတ်ကား​လေးတစ်စီးက ​အေး​အေး​ဆေး​ဆေး ​​​ရွေ့လျား​နေ​သည်။ပူလွန်း​သော ရာသီဥတု​ကြောင့်မို့ထင်သည် ခရီးသွား
သိပ်မရှိပဲ ​ဘေးက​နေဖြတ်ဖြတ်သွား​သော ကုန်ကားအကြီးကြီး​တွေကိုသာ ရံဖန်ရန်ခါ​တွေ့ရသည် ။

Airconကို ​အေး​နေ​အောင်ဖွင့်ထားတဲ့ကား​လေးထဲမှာ​​တော့ ရှင်းမ်ဂျယ်ယွန်းတစ်​ယောက်တည်းသာ၊
​ကျောင်းပိတ်ရက်မို့ လူ​တွေကား​တွေရှုပ်ပီး မွန်းကြပ်လှတဲ့ မြို့ပြက​နေ သူခန​ပြေးထွက်လာခဲ့ခြင်းဖြစ်သည် ။ သူ့ သူငယ်ချင်းနီရှီမူရာကို အဖော်ခေါ်ပေမဲ့ အကို​ဆောနူးနဲ့ ​လျှောက်လည်ဖို့ချိန်းထားလို့ဆိုပီး သွားဖြဲ​ပြောလာ​သော​ကြောင့် မတတ်နိုင်၊  တစ်​ယောက်တည်းသွားရုံ​ပေါ့ ။ ​အော် အတွဲ​တွေ
​ပျော်ကြပါ​စေ။

Home Town Cha Cha Chaဆိုတဲ့Dramaကို ကြည့်ပီးကထဲက ဂုံဂျင်းဆိုတဲ့​နေရာ​လေးကို သူသွားချင်​နေခဲ့တာ Seoulနဲ့လည်း တအားကြီး​ဝေးလှတယ်ရယ်လို့ မဟုတ်တာ​ကြောင့် 4နာရီ​လောက်သာ ကား​မောင်းရမည်ဖြစ်သည်။​ကျောင်းဖွင့်ရက်​တွေမှာ စာ​တွေအရမ်းပိခဲ့ပြီး စိတ်ဖိစီးမှု​တွေများခဲ့တာ​ကြောင့် အခုလိုမျိုး relaxလုပ်ရတာကို သူအရမ်း​ပျော်ပါသည်။ တစ်​ယောက်ထဲဆို​ပေမဲ့ လွတ်လွတ်လပ်လပ်​နေရတာကို နှစ်သက်တဲ့ သူ့အဖို့ ကိစ္စမရှိ ။ အိမ်ကလည်း ကိုယ်မှန်တယ်ထင်ရင် လုပ်ချင်တာလုပ် ဘာလုပ်မယ်ဆိုတာ​ပြောသွားရင် အ​မေက ရပီ ။ တစ်နည်းအားဖြင့် ဂျယ်ယွန်းက ​လွတ်လပ်မှု​တွေနဲ့ ကောင်း​ကောင်းပြုစုပျိုး​ထောင်ခံခဲ့ရပီး ကြီးပြင်းလာတဲ့ ​ကောင်​လေးပင်။

သူအရမ်းကြိုက်တဲ့ Justin Bieberရဲ့ Ghostသီချင်းကို repeatလုပ်ဖွင့်ရင်း တဖြည်းဖြည်း​မောင်းလာခဲ့တာ ​နောက်ဆုံး​တော့ ပင်လယ်ပြာပြာကြီးကို ​​တွေ့​နေရပီ။ အင်း ဂုံဂျင်းကို​ရောက်ပီပဲ တကယ်လှလိုက်တာ ...

​​နေ့လည်​လောက်က Seoulက​နေထွက်လာတာမို့ သူ​ရောက်​တော့ ည​နေ​စောင်း​နေ​လေပီ။ ဂျယ်ယွန်းကား​ပေါ်ကဆင်းပီး ပင်လယ်​လေကို အားရပါးရရှူရှိုက်လိုက်သည် ။​ကောင်းလိုက်တဲ့ ခံစားချက် မြို့​တွေမှာဆို
ဆိုင်​ပေါင်းစုံ ယာဥ်​ပေါင်းစုံကထွက်တဲ့ အနံ့​တွေနဲ့တင် ​လေ​ကောင်း​လေသန့်ဆိုတာ ဘယ်မှာမှန်းမသိ

Spring always tastes like you .(One Shot)Where stories live. Discover now