နွေရာသီမို့ တံလျပ်တွေထကာ ခြောက်သွေ့နေတဲ့ အဝေးပြေးလမ်းမပေါ်မှာ အဖြူစွတ်စွတ်ကားလေးတစ်စီးက အေးအေးဆေးဆေး ရွေ့လျားနေသည်။ပူလွန်းသော ရာသီဥတုကြောင့်မို့ထင်သည် ခရီးသွား
သိပ်မရှိပဲ ဘေးကနေဖြတ်ဖြတ်သွားသော ကုန်ကားအကြီးကြီးတွေကိုသာ ရံဖန်ရန်ခါတွေ့ရသည် ။Airconကို အေးနေအောင်ဖွင့်ထားတဲ့ကားလေးထဲမှာတော့ ရှင်းမ်ဂျယ်ယွန်းတစ်ယောက်တည်းသာ၊
ကျောင်းပိတ်ရက်မို့ လူတွေကားတွေရှုပ်ပီး မွန်းကြပ်လှတဲ့ မြို့ပြကနေ သူခနပြေးထွက်လာခဲ့ခြင်းဖြစ်သည် ။ သူ့ သူငယ်ချင်းနီရှီမူရာကို အဖော်ခေါ်ပေမဲ့ အကိုဆောနူးနဲ့ လျှောက်လည်ဖို့ချိန်းထားလို့ဆိုပီး သွားဖြဲပြောလာသောကြောင့် မတတ်နိုင်၊ တစ်ယောက်တည်းသွားရုံပေါ့ ။ အော် အတွဲတွေ
ပျော်ကြပါစေ။Home Town Cha Cha Chaဆိုတဲ့Dramaကို ကြည့်ပီးကထဲက ဂုံဂျင်းဆိုတဲ့နေရာလေးကို သူသွားချင်နေခဲ့တာ Seoulနဲ့လည်း တအားကြီးဝေးလှတယ်ရယ်လို့ မဟုတ်တာကြောင့် 4နာရီလောက်သာ ကားမောင်းရမည်ဖြစ်သည်။ကျောင်းဖွင့်ရက်တွေမှာ စာတွေအရမ်းပိခဲ့ပြီး စိတ်ဖိစီးမှုတွေများခဲ့တာကြောင့် အခုလိုမျိုး relaxလုပ်ရတာကို သူအရမ်းပျော်ပါသည်။ တစ်ယောက်ထဲဆိုပေမဲ့ လွတ်လွတ်လပ်လပ်နေရတာကို နှစ်သက်တဲ့ သူ့အဖို့ ကိစ္စမရှိ ။ အိမ်ကလည်း ကိုယ်မှန်တယ်ထင်ရင် လုပ်ချင်တာလုပ် ဘာလုပ်မယ်ဆိုတာပြောသွားရင် အမေက ရပီ ။ တစ်နည်းအားဖြင့် ဂျယ်ယွန်းက လွတ်လပ်မှုတွေနဲ့ ကောင်းကောင်းပြုစုပျိုးထောင်ခံခဲ့ရပီး ကြီးပြင်းလာတဲ့ ကောင်လေးပင်။
သူအရမ်းကြိုက်တဲ့ Justin Bieberရဲ့ Ghostသီချင်းကို repeatလုပ်ဖွင့်ရင်း တဖြည်းဖြည်းမောင်းလာခဲ့တာ နောက်ဆုံးတော့ ပင်လယ်ပြာပြာကြီးကို တွေ့နေရပီ။ အင်း ဂုံဂျင်းကိုရောက်ပီပဲ တကယ်လှလိုက်တာ ...
နေ့လည်လောက်က Seoulကနေထွက်လာတာမို့ သူရောက်တော့ ညနေစောင်းနေလေပီ။ ဂျယ်ယွန်းကားပေါ်ကဆင်းပီး ပင်လယ်လေကို အားရပါးရရှူရှိုက်လိုက်သည် ။ကောင်းလိုက်တဲ့ ခံစားချက် မြို့တွေမှာဆို
ဆိုင်ပေါင်းစုံ ယာဥ်ပေါင်းစုံကထွက်တဲ့ အနံ့တွေနဲ့တင် လေကောင်းလေသန့်ဆိုတာ ဘယ်မှာမှန်းမသိ
YOU ARE READING
Spring always tastes like you .(One Shot)
Fanfictionရှင်းမ်ဂျယ်ယွန်း : နွေဦးရဲ့ လေပြေလေးလို ရင်ထဲကိုအေးအေးမြမြလေးလှိုက်ခတ်သွားတဲ့ အကိုက ကျွန်တော့်ရဲ့အချစ်လေပြေလေး အီဟီးဆွန်း : နွေဦးမှာတိုက်တဲ့လေပွေတွေလို ခွင့်ပြုချက်မရှိပဲကိုယ့်ရင်ထဲကို ဝင်လာပီးမှ ထွက်ချင်တိုင်းပြန်ထွက်သွားလို့မရဘူး...