(ဒီficက Sway project ကိုလှူဒါန်းဖို့အရင်လတွေကကိုယ်ရေးခဲ့တာပါ၊ ခု သင်္ကြန်ရက်အတွင်း အိမ်တွင်းပုန်းဖတ်လို့ရအောင် တင်ပေးလိုက်တယ်နော်)
****************
-
" ဟူပိုင်တောင်ကြားဒေသကို ရှင်းလင်းပေးနိုင်မလား ? အဲ့ဒေသက နှစ်များစွာကြာကိုင်တွယ်ရခက်တယ်ဆိုပေမယ့် မကြာခင်မှာ ရှောင်းကျန့်နန်းတက်တာနဲ့ ဒီကိစ္စကိုဖြေရှင်းရမှာပဲ "
မေးခွန်းပေါင်းများစွာနဲ့ မော့ကြည့်လာတဲ့ မျက်လုံးတစ်စုံက ရှောင်းကျန့်အမည်နာမအကြားမှာ မျက်လွှာကိုပြန်ချလို့ ခေါင်းငုံ့သွားတယ်။
" အဲ့ဒေသကို နယ်မြေရှင်းလင်းတာနဲ့ တဖက်နိုင်ငံနဲ့ စစ်ဖြစ်ဖို့အသေအချာပဲ ၊ ငါဒီကနေ စစ်အင်အားကိုဖြည့်တင်းဖို့ စီစဉ်မှာမလို့ မင်းကမြောက်ပိုင်းတပ်ရင်းက တပ်သားတွေနဲ့အရင်သွားနှင့်ထား!"
ငြင်းပယ်ခွင့်မရှိတဲ့ အမိန့်တစ်ခု။
" အမိန့်တော်အတိုင်းပါ မယ်မယ်"
ကော်ဇောနီဖုံးထားတဲ့ကျောက်သားပြားထက်ထောက်ထားတဲ့ဒူးအစုံက ယိုင်နဲ့မသွားပေမယ့် ဓားကိုဆုပ်ကိုင်ထားတဲ့လက်အစုံက တင်းကြပ်သွားတယ်။
" ဒီကိစ္စကို ရှောင်းကျန့်မသိစေနဲ့၊ သူ့ကိုနှုတ်ဆက်မသွားနဲ့ သူဒီရက်ပိုင်းနန်းတက်ဖို့ကိစ္စတွေနဲ့ အရမ်းပင်ပန်းနေတယ် မင်းသာ ဒီကိစ္စကိုလက်ခံမှန်းသိရင် သူသေချာပေါက်တားမြစ်လိမ့်မယ်၊ မယ်မယ်ကအတ္တကြီးသလိုဖြစ်တယ်ဆိုပေမယ့် ဒါက ရှောင်းကျန့်အပေါ် ထားတဲ့ မိခင်တယောက်ရဲ့ ချစ်မေတ္တာတွေပဲ ၊ ရိပေါ် မင်းနားလည်ရဲ့လား?"
" နားလည်ပါပြီမယ်မယ်"
ကျောခိုင်းသွားတဲ့ ကျောပြင်ကျယ်လေးက မားမားမတ်မတ်။
သံချပ်ကာစစ်၀တ်စုံတွေနဲ့ အရှိန်အဝါတွေလွင့်နေတဲ့ဒီစစ်သူကြီးလေးက အသက် ဆယ့်ရှစ်နှစ်ပဲ ရှိသေးတဲ့ကလေးလေးတစ်ယောက်။
ဒီကလေးက အသက်ငယ်ငယ်လေးနဲ့ဘယ်လောက်တောင် ထက်မြက်လိုက်သလည်း? စစ်သူကြီးရာထူးနဲ့ တပ်မကိုဦးဆောင်ပြီး စစ်ပွဲတွေမှာ တိုက်ခိုက်နိုင်နေပြီ။ဒါ့ကြောင့်လည်း ကြားထဲမှာ စတေးခံလေးအဖြစ်သုံးရဖို့ သူမအတော်စဉ်းစားခဲ့ရတာပေါ့။
![](https://img.wattpad.com/cover/302316131-288-k891499.jpg)