အပိုင်း(၁) [Z & U]

12 1 0
                                    

[Zawgyi]

၂၀၁၃ ၊ မေလ

ပထမဦးဆုံးအလုပ်စဆင်းရတဲ့နေ့လေးမို့
မြတ် တက်ကြွနေကာ လူကမြောက်ကြွမြောက်ကြွဖြစ်နေသည် အမှန်ဆို မြတ် စိတ်တွေလှုပ်ရှားနေတာပါ အလုပ်ဆင်းရမယ့်နေရာလေးရောက်တော့ မြတ် ကိုယ်ရှိန်သတ်ကာတံခါးလေးဖွင့်လိုက်တော့ ခေါင်းလောင်းလေးကအလိုအလျောက်မြည်လာသည် မြင်လိုက်ရတဲ့ဆိုင်အတွင်းပိုင်းက မြတ် ကို ပါးစပ်ဟောင်းလောင်းနဲ့အံ့သြကမ္ဘာဖြစ်စေသည်

*wowအတော့်ကိုများတဲ့စာအုပ်တွေပဲ*

ဟုတ်ပါသည် မြတ် စာအုပ်ဆိုင်မှာအလုပ်ရသွားသည်ပင် အရင်ကဝပ်ရှော့ဆိုင်မှာလုပ်ခဲ့ပေမယ့် ဆိုင်ရဲ့အခက်အခဲကြောင့်ပိတ်လိုက်ရသည့်မို့ မြတ် သဘောကျမြတ်နိုးရတဲ့စာအုပ်လေးတွေရှိတဲ့နေရာဆီကိုရောက်လာခြင်းဖြစ်သည် ဆိုင်ထဲရောက်တော့ ကောင်တာမှာထိုင်နေတဲ့ မမွန်မွန်ချမ်း က

"သြော် လူသစ်မောင်လေး လာလေ"

"ဟုတ်ကဲ့ အမမွန်မွန်ချမ်း "

ကျွန်တော်ကလည်းဆိုင်ထဲရောက်တာကို မလှုပ်မယှက် စာအုပ်စင်တွေကိုရပ်ငေးကြည့်နေတာကို

"မြတ်သုတမောင် နော်"

"ဟင် အာ ဟုတ်ကဲ့"

"မမွန် လို့ပဲခေါ်ပါ"

"ဟုတ်ကဲ့ ကျွန်တော့်ကိုလည်း သုတ ပဲခေါ်လို့ရပါတယ်ဗျ"

"အိုကေလေ လာ မမွန် မင်းကိုအလုပ်တွေပြပေးမယ်"

"ဟုတ်ကဲ့"

အလုပ်ကခက်ခက်ခဲခဲဘာမှတော့မရှိ စာအုပ်တွေကိုမရောအောင် စာအုပ်စင်မှာစာရေးဆရာနာမည်နဲ့စင်လိုက်ကိုခွဲထားသည် အသစ်ထွက်တဲ့စာအုပ်နဲ့best sellerစာအုပ်တွေကိုတော့စင်သီးသန့်နှင့် ဒီဆိုင်မှာ မြတ် သဘောကျတာလေးရှိတယ် အဲ့တာက စာအုပ်ရောင်းရုံတင်မဟုတ်ဘဲစာအုပ်လည်းငှားပေးသည်ပင် တစ်ချို့စာအုပ်တွေကျ တန်ဖိုးကြီးတာမျိုးတွေဆို မြတ်တို့လို့ မရှိတဲ့သူတွေဖတ်ချင်တဲ့အခါ ဒီလိုဆိုင်မျိုးကတကယ့်ကိုအမြတ်တနိုး...
မမွန် အလုပ်နဲ့ပတ်သက်သမျှတွေကိုရှင်းပြပြီးတဲ့အခါ

"ခ" နွေ |  "ခ" နွေWhere stories live. Discover now