[Zawgyi]
အိမ်ပြန်ရောက်တော့ ပစ္စည်းတွေကောက်သိမ်းထုပ်ပိုးဖို့ကိုလိုအပ်ရာဟိုဟိုဒီဒီ ကြည့်မိတော့ မေ့ ခြေရာလက်ရာလေးတွေကနွေးထွေးပြီးရှိဆဲ မြတ် ဒေါ်မိုးဆီမှ အကျိုးအကြောင်းစုံစွာသိခဲ့သည် တော်သေးသည်တစ်ခုက အိမ်ကိုရောင်းပြီးဆပ်စရာရှိသောအကြွေးများကိုဆပ်သွားပေးခြင်းဖြစ်သည် သို့ပေမယ့် မြတ် ကျေးဇူးမတင်နိုင်ပါ အိမ်ကိုမရောင်းလိုက်သင့်ဘူး ဟူ၍သာစိတ်ဆိုးမိသည် မြတ် အချိန်ကိုကြည့်မိတော့
"၈နာရီတောင် ရှိပြီ မနက်ကျမှ ဒီကထွက်တော့မယ် ဘယ်လိုကျားကျားပါစေ ဒီအချိန်မှ အိပ်ဖို့နေရာဘယ်လိုရှာမှာတုန်း ဟုတ်တယ်မဟုတ်လား"
ကိုယ့်ကိုယ်ကိုမေး ကိုယ်ပြန်ဖြေနဲ့ မြတ် ခုမှရေချိုးဖို့သတိရတော့သည် ဒီညဝတ်ဖို့အတွက်ကိုစွပ်ကျယ်ပါးတစ်ထည်နှင့်ပုဆိုးတစ်ထည်ကိုထုတ်ကာ ရေလဲပုဆိုးဝတ်ပြီး တဘက် ယူကာအိမ်အနောက်ဘက်ကိုထွက်ခဲ့သည် မြတ် တို့အိမ်ကား အိမ်နောက်တွင်ရေတွင်းရှိသည်ဖြစ်၍ချိုးရေဖို့ကန်လေးလုပ်ထားသည် မြတ်တော့ အိမ်နောက်တွင်လည်းဖြစ်သည်မို့ တစ်ယောက်တည်းအိမ်မှာရှိသည့်အခါမျိုးတွင် လွတ်လွတ်လပ်လပ် boxerတစ်ထည်နှင့်သာရေချိုးလေ့ရှိသည် ခုတွင်လည်း တစ်ယောက်တည်းမို့ bowerနှင့်ရေတဝကြီးစိမ်ချိုးလိုက်သည် ရေချိုးခြင်းအမှုပြီးမြောက်သွားတော့ ထုတ်ထားသော အဝတ်ပါးနှင့်ပုဆိုးကိုဝတ်ကာ တောင်တောင်ရီရီတွေးတောကာ အိပ်စက်ခြင်းကိုရောက်သွားတော့သည် လူခြေတိတ်သောထိုအချိန်တွင် တစ်ယောက်သောသူ၏နားပူဆာခိုင်းစေမှုကြောင့် ဘမြ တစ်ယောက် အိမ်ရှေ့ခြံစည်းရိုးတွင်အလုပ်ရှုပ်နေသည် ခိုင်းသောအမှုပြီးမြောက်သွားသော် နဘေးရှိ ၆ပေကျော်အရပ်အမောင်းနှင့်သူကို ကြည့်ပြီးနားမလည်ကာ ခေါ်မေးမိသည်
"ဘွားလေး"
"ဗျာ ဘမြ"
"ဘွားလေး ဒီအိမ်လေးကိုသဘောတကျနဲ့နေချင်စရာလေးဆိုပြီး ဝယ်ခိုင်းတယ် မဟုတ်ပေလား"
"ဟုတ်တယ်လေ ဘမြရဲ့"
"နို့ ဒါဆို ဘယ်လိုဖြစ်လို့ အိမ်ငှားမည် ဆိုင်းဘုတ်ကြီးလားချည်ခိုင်းရတာတုန်းကွ"
ESTÁS LEYENDO
"ခ" နွေ | "ခ" နှေ
Romanceစကြာဝဠာမှာ..တန်ဖိုးအရှိဆုံး အချိန်တွေတဲ့ မောင်ကတော့လေ...တန်ဖိုးရှိပါတယ်ဆိုတဲ့ မောင့်အချိန်တွေကို ဟောဒီကမောင့်အဖိုးတန်ဆုံး မောင့်သက်လည်နဲ့ပဲ ကုန်ဆုံးသွားချင်တာ... စကြာဝဠာမှာ..တန်ဖိုးအရှိဆုံး အချိန်တွေတဲ့ မောင်ကတော့လေ...တန်ဖိုးရှိပါတယ်ဆိုတဲ့ မောင့်အ...