Unicode
Loey.....
ချစ်သောလေးရေ
ပထမဦးဆုံးအနေနဲ့ မွေးဖွားလာခဲ့ပေးလို့ကျေးဇူးတင်ပါတယ်...
ထပ်ပြီးကျေးဇူးတင်ချင်တာကတော့
ကြယ်ကလေးအဖြစ် ရဲဝံ့စွာပေါ်ထွက်လာခဲ့လို့ပါပဲ...နာကျင်ဝမ်းနည်းရတဲ့ အချိန်တွေ ခက်ခဲပင်ပန်း
တဲ့အချိန်တွေရှိပေမယ့်
ယုံယုံကြည်ကြည်နဲ့ အောင်မြင်စွာကျော်ဖြတ်ရင်း
တောက်ပတဲ့ကြယ်ကလေး အဖြစ်နဲ့လျှောက်လမ်းလာခဲ့နိုင်တဲ့ ချစ်သောလေးအတွက်
အများကြီး ဂုဏ်ယူမိပါတယ်...Rapရွတ်တဲ့အချိန်သာမက အသံချိုချိုလေးနဲ့Vocalပိုင်းမှာလည်း တော်တဲ့ အဖိုးတန်လေး
သီချင်းစာသားလှလှလေးတွေကိုလည်း ဖန်တီးတတ်တဲ့ ကောင်ငယ်လေးက
ရုပ်ရှင်းမင်းသားတစ်ဖြစ်လဲ သရုပ်ဆောင်ပိုင်းပါ
ကျွမ်းကျင်တဲ့အတွက် မင်းရဲ့Fangirlဖြစ်ရတာ
သိပ်ကို ကံကောင်းလွန်းပါတယ်...Multi-talentedဆိုတဲ့အတိုင်း မတီးတတ်တဲ့တူရိယာမရှိသလောက်
စတူဒီယိုကိုလည်း ကိုယ်တိုင်ဆေးသုတ်ပြီး
အချက်အပြုတ်လည်း ကျွမ်းကျင်တဲ့ကောင်လေးရေ
အနိုင်မခံအရှုံးမပေးတတ်တဲ့ စိတ်နဲ့နှလုံးသားလည်းလှတဲ့ မင်းက ကိုယ့်အတွက်တော့ စံပြပုဂ္ဂိုလ်လေးပါ...ဘယ်နေရာရောက်ရောက် အဖက်ဖက်က
ထက်မြက်ထူးချွန်တဲ့ ချစ်သောရေ
မင်းကြောင့် ကိုယ်တို့ အများကြီး ဂုဏ်ယူရပါတယ်အနုပညာသက်တမ်း ဆယ်စုနှစ်တစ်ခုကို
အောင်အောင်မြင်မြင် စိုက်ထူနိုင်ခဲ့တဲ့ ချစ်သောရေ
နောက်ထပ်လည်း ဒီ့ထက်မက ရာစုနှစ်တွေကြာတဲ့အထိ မင်းရဲ့အနုပညာက ရှင်သန်စီးဆင်းနေမယ်လို့
ပြောရဲပါတယ်...ချစ်သောရဲ့ အသံသြရှရှ သီချင်းသံလေးတွေက
ရာစုနှစ်မကကြာတဲ့အထိ လေလှိုင်းထဲမှာလွင့်ပျံနေအုံးမှာ...Stageမှာ ဂစ်တာတီး သီချင်းဆိုနေတဲ့
မင်းပုံရိပ်လေးကို
မြင်သူတိုင်း သဘောကျနှစ်ခြိုက်နေကြအုံးမှာပါ...ထပ်ပြီးထပ်ပြီး ကျေးဇူးတင်ချင်တာကတော့
မင်းကို ချစ်ခွင့်ပေးခဲ့တဲ့အတွက်ပါပဲ
သန်းပေါင်းများစွာသော လူတွေထဲမှာမှ
မင်းကိုရွေးပြီး ချစ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်...