မှောင်မည်းနေတဲ့ အခန်းထဲက အမျိုးသမီးလေးတစ်ယောက်.......
ရုတ်တရက်ပွင့်လာသောတံခါး.......
" မမဖြူ လာပြီလား ၊ နွယ်စောင့်နေတာကွယ် "
" ဆေးသောက်ကြမယ်လေ နွယ် "
" နွယ်က မမဖြူ မလာတော့ဖူးထင်နေတာ "
" နေ့တိုင်းလာမှာပေါ့ နွယ်ကလေးရဲ့ ဆေးမှန်မှန်သောက်ပြီး မြန်မြန် ဆေးရုံကဆင်းကြမယ်နော် ဖြူက နွယ်နဲ့ လျှောက်သွားချင်သေးတာ "
" နောက်နေ့တော့ စောစောလာပါ အမှောင်ထဲနေရတာ နွယ်ကြောက်လွန်းလို့ "
" မီးဖွင့်လို့ပြောသားကွယ် ဖြူလာမှ မီးဖွင့်တော့ ဖြူနေမကောင်းလို့ မလာနိုင်ရင် ဘယ်နှယ့်လုပ်ကြမတုန်း "
" မမဖြူက စောစောလာမှပေါ့ ဒါဆို နွယ်လဲ အမှောင်ထဲမနေရတော့ဖူးလေ "
" ရော့ နွယ်စားချင်တဲ့ လက်ဖက်သုပ် ဖြူသုပ်လာခဲ့တယ် စားပြီး ဆေးသောက်မယ်နော် "
" အင်း "
.........
" မမဖြူ မမဖြူက စာရေးနေရင် သိပ်ကြည့်ကောင်းတာပဲ "
" နွယ်က ချစ်တဲ့စိတ်နဲ့ကြည့်လို့ပါ "
" နွယ့်ရဲ့ ဖြူမို့လို့ ပြောတာမဟုတ်ဖူး မမဖြူက တကယ်အရမ်းလှတယ် နွယ်တစ်ယောက်ထဲဆို ဒီချိန်ခြောက်ခြားနေရမှာ သိလား မေမေကလေ နွယ့်ကို လာလာခေါ်နေတာ နွယ်တော့ မလိုက်ချင်ပါဖူး "
" မလိုက်ရပါဖူး ဖြူရှိတယ်လေ ဖြူဒီမှာရှိနေတာပဲ နွယ့်ကိုဘယ်သူမှ ခေါ်မသွားနိုင်စေရပါဖူး "
" နွယ် မမဖြူကို သိပ်ချစ်တယ် "
" ဖြူလဲ အတူတူပါပဲ နွယ်ရယ် "
.........
" မမဖြူ ဒီနေ့ ဘယ်သွားမလဲ အညိုရောင်တွေနဲ့ အဖြူရောင်နဲ့ တွဲရင် ကျက်သရေ သိပ်ရှိတာ နွယ်ပြောဖူးသလားဟင် "
" ဖြူ မင်္ဂလာဆောင် သွားရမယ်နွယ် လိမ်လိမ်မာမာ နေခဲ့မယ်မလား "
" နွယ်က မမဖြူထားခဲ့ရင် နေခဲ့မယ့်သူပါ "
" အို ဖြူက ခဏ သွားမှာလေ နွယ်ရယ် ဒီလိုစကားကို ဆွေးဆွေးမြေ့မြေ့ မပြောပါနဲ့လား နော် "
" နွယ် တောင်းပန်တယ်နော် နွယ် စောင့်နေပါမယ် မမဖြူ ပြန်လာမှာကိုလေ နွယ် စောင့်နေမယ် "
..........
" မမဖြူ ကလေးချစ်တတ်သလား "
" ဒါပေါ့ ဖြူက တစ်ချိန်ကျ ကလေးလေးမွေးမယ်လို့ စဉ်းစားထားတယ် "
" ယောက်ျားလေးလားမိန်းကလေးလား နေဦး နွယ်မှန်းကြည့်မယ် မမဖြူက သမီးလေး လိုချင်တာမလား "
"ဟုတ်ရဲ့ နွယ်ကတော်သားပဲ ဘယ်ဆိုးလို့လဲ"
"နွယ်လေ မမဖြူရဲ့ သမီးလေးကို ပွေ့ချင်လိုက်တာ "
" ဖြူကမွေးပေးမှာပေါ့ အဲ့တော့ အဝချီ အခုတော့ နွယ်ကလေး ဆေးသောက်ပါဦး "
" မမဖြူ တိုက်မယ်မလား "
" အင်းပေါ့ ဆေးတိုက်ပီးရင်တော့ ဖြူပြန်ဦးမယ် နော် "
" အင်း "
............
" မမဖြူ နွယ် ဒီနေ့ နေရတာ သိပ်ပင်ပန်းနေတယ် သိလား "
" ဘယ်လိုဖြစ်လို့လဲ "
" နွယ်ရင်တွေနာလိုက်တာ မမဖြူပေါင်ပေါ်က အရုပ်မလေးလေ နွယ်လဲ လိုချင်ရဲ့ကွယ် နွယ်က သိပ်အတ္တကြီးနေမှန်းသိပေမဲ့ နွယ်မမှားဖူးမလားဟင် နွယ်မှားနေလား နွယ် အရမ်းများလွန်နေသလား စည်းတွေချိုးဖောက်မိနေသလား နွယ် ဘာလုပ်ရမယ် မသိပါဖူး "
" အများကြီး မတွေးပဲ အိပ်လိုက်ပါတော့ နွယ်ကလေးရယ် ပင်ပန်းနေရော့မယ် ဖြူသီချင်းဆိုသိပ်မယ်နော် အိပ်လိုက်ပါ "
.........
' မမဖြူ ပြန်မလာတော့ဖူးလား '
' နွယ့်အနားမှာရှိနေပေးမယ်ဆို ဘာလို့များ ထားခဲ့ရတာလဲ မမဖြူရဲ့ နွယ့်ကို ဘာကြောင့်လိမ်ရသလဲ နွယ် လိမ်လိမ်မာမာ နေခဲ့ရက်နဲ့ မမဖြူ ဘာကြောင့် စကားမတည်ရသလဲဟင် နွယ့်ကိုပြောပါဦးလား နွယ် မမဖြူဆီက ရှင်းပြတာလိုနေလို့ပါ နွယ့်ကိုပြောပြပါဦးလား '
...........