intro

56 4 3
                                    

ခေါင်းလျှော်ထားတာ မနေ့က ဆိုတော့ confidence ရှိနေရော ။ အရှေ့ဆံပင် လေးလည်းပုံကျလို့...ဆွယ်တာပန်းရောင် JJ ပန်းရောင် နဲ့ဆိုတာ ၁၇ နှစ်အရွယ် ကျွန်မ အတွက် လုံလောက် တဲ့ ပြင်ဆင်မှုပဲ ။

Mask တပ် ကြိုးသိုင်းဖိနပ်အမဲလေးစီး
အိမ်တံခါးသော့ကို လက်တစ်ဖက် တည်းနဲ့ အထာကျကျပိတ် ။ စောင်ထုတ်လေးဆွဲပြီး လှေကား ဆင်းလာလိုက်တယ် ။

လမ်းမှာ စျေးသည်တွေ စုံလို့ ။ လှည်းပန်းရောင်လေးနဲ့ ဘိန်းမုန့်သည်.. လှည်း အဝါလေးနဲ့ ဒိန်ချဉ် သည် ။ ဒိန်ချဥ်နဲ့ အဝါရောင် နဲ့က လိုက်သလိုလိုတော့ရှိပေမယ့် ဘိန်းမုန့်နဲ့ ပန်းရောင် နဲ့တော့ သိပ်မလိုက်ဘူးထင်တာပဲ
ဂျပန် စာ သင်ထားသေးတော့ ဘိန်းဆိုတော့ 'ဘ' သူ့ကို အသံတစ်ဝက်ပဲဆောင့်မယ်ဆိုရင်တော့ 'ပ'ဖြစ်မယ် အဲ့လို ဆိုရင်တော့ ပန်းရောင် နဲ့လိုက်သား

လှည်းအကြောင်းတွေးရင်းလျှောက်လာတာ လမ်းရဲ့ လေးပုံ တစ်ပုံတော့ ရောက်လာပြီ
ဘေးက ကားမှန်မှာ မှန်တစ်ချက် လှမ်းကြည့်လိုက်သေးတယ် ဒီလို လှနေတဲ့ရက်က ရှားတယ်ရယ် မှန်အဝကြည့်သင့်တယ်

မှန်ကြည့်နေရင်းကားကိုကျော်သွားတော့ လှေကား တစ်ခု တွေ့တယ် လှေကား တွေ့တာ မဆန်းပါဘူး တိုက်အတန်းကြီးဆိုတော့ လှေကားတွေလည်း အတန်းကြီးပဲ  အဲ့လှေကားကနေ နက်ပြာရောင်တီရှပ် နက်ပြာရောင် အားကစား ဘောင်းဘီ ဝမ်းဆက်နဲ့ အကိုကြီးတစ်ယောက် မျက်မှန် mask လက်ထဲမှာ ပန်းရောင် စာအုပ် လေးနဲ့ အဲ မေ့လို့ အဲ့ဒါ ဧည့်စရင်း စာအုပ်

ဧည့်စရင်း တိုင်တယ်ဆိုတော့ စိတ်ထဲမှာ တော့ သိပ်မကြိုက်ချင်ဘူး ကိုယ်လည်း ဧည့်စရင်း မတိုင်ဘူးလုပ်ထားတာ တကယ်လည်းမတိုင်ဘူး အမေပဲ သွားတိုင်တာ တွေးရင်းကိုယ့်အဖြစ်ကိုယ်ရယ်ချင်လာတယ်

လျှောက်လာရင်း စာကလေးမွှေးလေး လွင့်လာလို့ လှမ်းဖမ်းလိုက်တယ် မမိဘူး ဒါပေမယ့် ဟိုအစ်ကိုကြီးက ကိုယ့်နောက်က လာတာဆိုတော့ ကိုယ်ဖမ်းလိုက်တာ သူမြင်မယ်ထင်တယ်

ရုပ်ရှင်တွေထဲမှာဆို ငှက်မွှေးလေး မမိလိုက်လို့ အမြန် နောက်လှည့်ဖမ်း အနောက်က အကိုကြီး နဲ့ တိုက်မိ သူ့ရင်ခွင်ထဲရောက် သူက အရပ်မြင့်မြင့် ရင်အုပ်ကျယ်ကျယ် နဲ့ ဖြစ်မယ် ပြီးရင် သူ့လက်တစ်ဖက်က ငှက်မွှေးလေးကို ဖမ်းမယ်
'' ရော့ ဒီမှာ ချာတိတ်လိုချင်တဲ့ ငှက်မွှေးလေး'' ဆိုပြီးပြောလိမ့်မယ်

ကိုယ်လည်း အဲ့အကြောင်း လေး စာလေးတစ်ပုဒ်ရေးမယ် ရပ်ကွက် ထဲက ရည်းစား အတွဲပေါ့ အပြင်လောကမှာ တော့ အဲ့ အစ်ကိုကြီး က ကိုယ့်ကိုတောင်ကျော်တက်သွားသေးတယ်

#Milopowder
လမ်းသွားရင်း အဲ့နားလေးမှာ စာရေးချင်စိတ်ပေါ်လာလို့ အဲ့အပိုင်းလေးအရင်ရေးလိုက်တယ်
အားပေးကြပါဦး 

You've reached the end of published parts.

⏰ Last updated: Feb 24, 2022 ⏰

Add this story to your Library to get notified about new parts!

လူနာရှင် Diary Where stories live. Discover now