လိုပဲ အချိန်တခုကြောင့် ကွဲကွာသွားတာ
ဒါမဲ့ကိုယ်မမေ့နိုင်သေးဘူး
မိုးတွေရွာတိုင်းလား ဘာမှမရှိတဲ့ပြတင်းပေါက်အပြင်ကိုငေးတိုင်းလား
မင်းအကြောင်းတွေချည်းပဲတွေးမိနေတာ
ဟုတ်ပါတယ်ကိုယ်မမေ့သေးဘူး..ခုလည်းကိုယ်ငေးမှိုင်နေတုန်းပဲ
အဲ့အချိိန်..ဗုန်း!
'စားပွဲခုံပေါ်အားနဲ့ကျလာတဲ့ စာအုပ်တအုပ်''ဟဲ့ငါခေါ်နေတာကြားလား'
ကိုယ်လည်းငေးနေတာဆိုတော့
လန့်ဖျန့်သွားကာ'ဟမ် အင်းအင်း ဆောတီး'
'ရော့နင့်စာအုပ် အားနေတောင်ငေးမြောက်ငေးနဲ့'
အမယ်အလာကြီးနဲ့
ငါ့ဟာငါငေးချင်ရာငေးမှာပေါ့သူနဲ့ဆိုင်တာကျနေတာပဲ
အမှတ်စစ်ပြီးလို့စာအုပ်ဝေတာပဲထားခဲ့တော့ဘာဖြစ်မှာကျလ်ို့စိတ်ကလည်းအဲ့အကောင်ကိုမေတ္တာပို့ကာ
မကြည်အကြည့်နဲ့လှည့်ကြည့်တော့
သူကကိုယ့်ကိုကြည့်နေတယ်
ပြီးတော့ဘာလဲဆိုတဲ့ပုံနဲ့မေးဆတ်ပြသေးသည်
ရုပ်ကိုက အမြင်ကတ်စရာအတိ........
အရင်လူကိုမမေ့နိုင်တဲ့ကိုယ်က ခုလည်း
အရင်ကပို့ခဲ့တဲ့စာလေးတွေပြန်ဖတ်နေဆဲ
နေနိုင်ခဲ့တာလား တခုတည်းကိုသေချာပြန်ဖတ်နေစဥ်~တောင်!
'ဟဲ့ငါ့ကိုတခုကူညီပါလား'
ကိုယ်လည်းကြောင်သွားတယ်
ဘာလဲဟသိလဲမသိပဲဟုစိတ်ထဲကရေရွတ်နေမိသည်'ဘယ်သူလဲသိလို့လား'
'ငါဟဲ့အတန်းထဲက... ငါမေးစရာရှိလို့...အဲ့စာလေးပို့ပေးပါလား'
'အော်အေး'
သူတောင်းတာတွေပို့ပေးလိုက်တယ်
သူကပြီးတော့ပြောသေးတယ်
'နင်အားနေငေးမနေနဲ့ကျောင်းမှာ ငါ့ကိုလည်းခင်ခင်မင်မင်ပေါင်းလို့ရတယ်'တဲ့ကိုယ်လည်း ဖတ်နေတဲ့စာလေး
ဖတ်စပြတ်သွားတာနဲ့ဆက်မဖတ်တော့ပဲ
ဖုန်းပိတ်ပြီးခြံထဲလမ်းဆင်းလျှောက်လိုက်သည်
...