one short

67 6 2
                                    

လိုပဲ အချိန်တခု​ကြောင့် ကွဲကွာသွားတာ
ဒါမဲ့ကိုယ်မ​မေ့နိုင်​သေးဘူး
မိုး​တွေရွာတိုင်းလား ဘာမှမရှိတဲ့ပြတင်း​ပေါက်အပြင်ကို​ငေးတိုင်းလား
မင်းအ​ကြောင်း​တွေချည်းပဲ​တွေးမိ​နေတာ
ဟုတ်ပါတယ်ကိုယ်မ​မေ့​သေးဘူး..

ခုလည်းကိုယ်​ငေးမှိုင်​နေတုန်းပဲ
အဲ့အချိိန်..

ဗုန်း!
'စားပွဲခုံ​ပေါ်အားနဲ့ကျလာတဲ့ စာအုပ်တအုပ်'

'ဟဲ့ငါ​ခေါ်​နေတာကြားလား'

ကိုယ်လည်း​ငေး​နေတာဆို​တော့
လန့်ဖျန့်သွားကာ

'ဟမ် အင်းအင်း ​ဆောတီး'

'​ရော့နင့်စာအုပ် အား​နေ​တောင်​ငေး​မြောက်​ငေးနဲ့'

အမယ်အလာကြီးနဲ့
ငါ့ဟာငါ​ငေးချင်ရာ​ငေးမှာ​ပေါ့သူနဲ့ဆိုင်တာကျ​နေတာပဲ
အမှတ်စစ်ပြီးလို့စာအုပ်​ဝေတာပဲထားခဲ့​တော့ဘာဖြစ်မှာကျလ်ို့

စိတ်ကလည်းအဲ့အ​ကောင်ကို​မေတ္တာပို့ကာ
မကြည်အကြည့်နဲ့လှည့်ကြည့်​တော့
သူကကိုယ့်ကိုကြည့်​နေတယ်
ပြီး​တော့ဘာလဲဆိုတဲ့ပုံနဲ့​​မေးဆတ်ပြ​သေးသည်
ရုပ်ကိုက အမြင်ကတ်စရာအတိ...

.....
အရင်လူကိုမ​မေ့နိုင်တဲ့ကိုယ်က ခုလည်း
အရင်ကပို့ခဲ့တဲ့စာ​လေး​တွေပြန်ဖတ်​နေဆဲ
​နေနိုင်ခဲ့တာလား တခုတည်းကို​သေချာပြန်ဖတ်​နေစဥ်

~​တောင်!

'ဟဲ့ငါ့ကိုတခုကူညီပါလား'

ကိုယ်လည်း​​ကြောင်သွားတယ်
ဘာလဲဟသိလဲမသိပဲဟုစိတ်ထဲက​ရေရွတ်​နေမိသည်

'ဘယ်သူလဲသိလို့လား'

'ငါဟဲ့အတန်းထဲက... ငါ​မေးစရာရှိလို့...အဲ့စာ​လေးပို့​ပေးပါလား'

'​အော်​အေး'

သူ​တောင်းတာ​တွေပို့​ပေးလိုက်တယ်
သူကပြီး​တော့​ပြော​သေးတယ်
'နင်အား​နေ​ငေးမ​နေနဲ့​ကျောင်းမှာ ငါ့ကိုလည်းခင်ခင်မင်မင်​ပေါင်းလို့ရတယ်'တဲ့

ကိုယ်လည်း ဖတ်​နေတဲ့စာ​လေး
ဖတ်စပြတ်သွားတာနဲ့ဆက်မဖတ်​တော့ပဲ
ဖုန်းပိတ်ပြီးခြံထဲလမ်းဆင်း​လျှောက်လိုက်သည်
...

Love is not LoveWhere stories live. Discover now