Unicode
နိုင်ငံ၏ အချက်အချာမြို့ဖြစ်သည့်တိုင် ကားနှင့် ဆိုင်ကယ်တွေက မြို့တော်၏လမ်းမအလယ် ရှုပ်ယှပ်ခက်နေလေ၏..။
ထိုအထဲတွင် Nanon ၏ ကားလည်းတစ်စီးအပါအဝင်။Chan ကို မနက်စာ ဒကာခံပြီးသကာလ ပြန်မည်ပြောသော်လည်း သကောင့်သားက မြစ်ကမ်းဘေးသွားချင်သည်ဟုဆိုလာသောကြောင့် ဦးတည်ရာက ထိုနေရာ...။
နေ့ခင်းကြောင်တောင်ကြီး နေပူထဲလေညှင်းခံချင်နေတဲ့
အဲ့ဒီကောင်က စောက်ရူး...။တကယ်တမ်းရောက်သွားသည့်အခါကျ ထင်ထားသလောက်
နေကပူမနေ..... ထိုအခါမှ Nanon သက်ပြင်းချမိသည်.။
ကမ်းစပ်တွက်ရှိသော ခုံတစ်နေရာသို့ဝင်ထိုင်တော့
Chan က ပါ သူ့ဘေးမှာလာထိုင်သည်.....။" ဘယ်လိုလည်း လွမ်းသွားလား..."
"မအေဘေးရယ်...သိရဲ့သားနဲ့..."
"အဟက်"
Chan က ရယ်ရင်းနှာခေါင်းရှုံ့သည်...။
" လွမ်းတယ်ဆိုရင်လည်း အိမ်ထဲမှာပဲ ကြိတ်ပြီး
လွမ်းမနေနဲ့လေ သွားခဲ့ဖူးတဲ့နေရာလေးတွေဆီပြန်လာပြီး
လွမ်း ဘယ်လောက်မိုက်လဲ စိတ်ကူးထဲ ပြန်ပုံဖော်လိုက်
အားရပါးရငိုလိုက် အဲ့လိုလုပ်တယ် ဟေ့ကောင်ရ"စိတ်တိုတိုနဲ့ နားရင်းကိုဖြောင်းခနဲမြည်အောင်တစ်ချက်အုပ်လိုက်တော့ ခေါင်းပုရင်းလျှာထုတ်ပြတယ်....။
"အမှတ်တရဆိုတာ နှလုံးသားထဲမှာကွ.....
လွမ်းဖို့ဆွေးဖို့အတွက် သီးသန့်နေရာတွေသွားစရာမလိုဘူး"ဆရာကြီးစတိုင်ဖမ်းရင်းပြောတော့ Chanက မဲ့ရွဲ့ပြသည်။
" ဘယ်နှနှစ်လဲ..."
"ဘာကို.. "
"မင်းတို့ရဲ့ Relationship သက်တမ်း.."
"အဟက် နှစ်နှစ်ကျော်.."
ဟက်ခနဲရယ်ရင်းပြန်ဖြေသော်လည်း Nanon မျက်လုံးထဲ
ဆွေးမြေ့ရိပ်တချို့ကို Chan မြင်နေရသည်...။" နှစ်နှစ်တည်းနဲ့ အဲ့လောက်သံယောဇဥ်တွယ်ခဲ့တာလား.."
"ငါ့ တစ်ဘဝလုံးမှာ ဒီတစ်ယောက်တည်းပါ.."
YOU ARE READING
𝐍𝐨 𝐌𝐨𝐫𝐞 𝐓𝐞𝐚𝐫
Fanfictionကျန်တာတွေမလို... ဖဝါးမလပ်ခြေရာထပ်ဖို့ကသာ ကျွန်တော့်ရဲ့ဘဝအဆက်အဆက် တောင်းဆုတစ်ခု ဖြစ်ခဲ့၏။