အပိုင်း - (၄)

5.5K 569 70
                                    

[ Unicode ]

ပြတင်းပေါက်ကနေတစ်ဆင့် မျက်နှာပေါ်သို့ တိုက်ရိုက်ကျလာသည့် နေရောင်ကြောင့် ထက်မိုးတစ်ယောက် မျက်မှောင်တစ်ချက်ကြုတ်လိုက်မိသည်။ ကျရောက်နေသည့်နေရောင်၏အပူရှိန်မှာ တဖြည်းဖြည်းပူလာတာကြောင့် ပေကပ်ပြီးဆက်အိပ်နေလို့မဖြစ်မှန်းသိလိုက်တာကြောင့် အိပ်ရာမှထဖို့ ပြင်ရတော့သည်။

ဒါတောင် ကုတင်ပေါ်ထထိုင်လိုက်သည်အထိ ထက်မိုးရဲ့ မျက်လုံးတွေဟာ ဖွင့်မရသေး...။ ထိုင်လျက်နှင့် မျက်လုံးတွေကို မှိတ်ထားသည်မှာ ငါးမိနစ်လောက်တောင်ကြာမည်။ အဲ့ဒီနောက်မှာတော့ တစ်ချက်သမ်းဝေရင်း မျက်လုံးတို့ကို အရင်ဖွင့်၏။ လန်းဆန်းသွားစေရန် လက်တို့အားဆန့်တန်းကာ အကြောလျှော့ကြည့်လိုက်တော့ တဂျွတ်ဂျွတ်မြည်သွားသည့်အသံတွေနှင့်အတူ အိပ်ချင်စိတ်ကလည်း အနည်းငယ်သက်သာသွားလေသည်။

ကုတင်ပေါ်မှဆင်းကာ ရေချိုးခန်းထဲတန်းဝင်လိုက်တော့သည်။ မနက်စောစောရေချိုးတာက တနေ့တာလုံးလန်း‌ဆန်းနေစေရန်အကောင်းဆုံးလုပ်ဆောင်ချက်ဖြစ်သည်လေ။

မျက်နှာသစ်် ရေချိုးပြီး အိမ်ရှေ့ထမင်းစားခန်းကို ထွက်လာတော့ အမေဖြစ်သူအား မတွေ့မိ။ အရင်ကဆို ဒီအချိန် ထမင်း၊ဟင်းချက်နေကျပါ။ ဈေးများသွားသလားလို့တွေးလိုက်မိရင်း အုပ်ဆောင်းအားဖွင့်ကြည့်မိတော့ ထမင်းနှင့်ပဲပြုတ်ရောကြော်ထားသည့် ထမင်းကြော်ပန်းကန်လေးအားတွေ့လိုက်ရလေသည်။ ရေနွေးဓာတ်ဘူးနှင့် ကော်ဖီတစ်ထုပ်ကလည်း အဆင်သင့်‌ရှိနေတာကြောင့် ‌‌ကော်ဖီဖျော်ခြင်းအမှုကိုတော့ ကိုယ်တိုင်ကိုယ်ကျလုပ်ရ၏။

ကော်ဖီနှင့် ထမင်းကြော်...။
ဒါက ထက်မိုးအတွက် မနက်၁၀နာရီတွင်စားဖြစ်သော မနက်စာဖြစ်၏။

ငယ်ငယ်ကတည်းက ဆုံးပါးသွားသောဖခင်ဖြစ်သူကြောင့် မိခင်ဒေါ်ဧကရီမိုးမှာ ထက်မိုးအား အခု အသက်24နှစ်ရောက်သည်အထိ မုဆိုးမဘဝနှင့် တစ်ယောက်တည်းပြုစုပျိုးထောင်ခဲ့သည်။ ဒုတိယအိမ်ထောင်ပြုဖို့ထက် ဖတဆိုးသားလေးကိုသာ အချစ်တွေအကုန် ပုံအပ်ပေးခဲ့လေသည်။

Engage My Heart to YouWhere stories live. Discover now