CHAPTER [3.2]

215 37 9
                                    

Zawgyi

❛ နီးမြန်းနေသော နို့ပူတင်းလေး ❜

ဒုတိယအခန်း: ပူပူနွေးနွေးနို့ပူတင်းလေးကိုကိုင်ထားရသလိုမျိုး

စိတ်အားတက်ကြွမှုနှင့်အတူ ဆူဟိုတစ်ယောက် မွေ့ယာပေါ်၌ ထခုန်မိရင်းနောက်ပြန်လှဲချလိုက်မိတော့၏။ မျက်လုံးစုံမှိတ်ပြီး ခြေတွေ လက်တွေမြှောက်ကာ ကိုယ့်ကိုယ်ကို ချီးကျူးအားပေးနေမိသည်။ တော်လိုက်တဲ့ငါ! “ ငါလေး အရမ်းတော်...အရမ်း ရမ်း ရမ်း အရမ်းတော်...တော် ယိ့စ်! ”

တစ်ယောက်တည်းအထင်နှင့် စိတ်လွှတ်ကိုယ်လွှတ် အားပေးနေမိရာမှ မျက်လုံးဖွင့်မိချင်းချင်း အိပ်ခန်းတံခါးရှေ့ ရပ်နေသူ၏ဇောက်ထိုးပုံစံကြောင့် ဆူဟို့မှာ လန့်ဖျန့်သွားရသည်။ တဖက်လူမှာလည်း အိပ်ခန်းတံခါးလက်ကိုင်ကို ကိုင်ထားရာကမလွှတ်ရသေး၊ မတ်တပ်ရပ်ရင်းသတိလစ်နေသူတစ်ယောက်လို ဆူဟို့ကိုရပ်ကြည့်နေ၏။

မွေ့ယာခြေရင်းကိုခေါင်းထားကာ ပလက်လှန်လဲအိပ်နေသည့် ဆူဟိုဟာ မိုးပေါ်မြှောက်ထားမိသည့် ခြေလက်အစုံကိုပင် ပြန်မချရသေးဘဲ တောင့်တောင့်ကြီးရပ်နေမိလေသည်။ သေစမ်း! ဒီ ဒီ ဒီ အရိပ်လူသားက ဘယ်ကတည်းက ရောက်နေတာလဲဟ!!!

ဆူဟို့ခြေလက်တွေအားလုံး အလျင်စလိုပြန်ချလိုက်ရင်း ဆတ်ခနဲငုတ်တုတ်ထထိုင်ကာ အနောက်ဘက်သို့ လုံးလုံးလှည့်မကြည့်ရဲတော့။ မိနစ်ပိုင်းလေးအတွင်းက သူပြုမူခဲ့သမျှ လုပ်ရပ်တိုင်းကိုပြန်တွေးရင်း ဆူဟို့မျက်နှာတစ်ခုလုံးနီရဲလာရသည်။ ရှက်ဖို့ကောင်းလိုက်တာကွာ!

နှစ်စက္ကန့်အကြာမှ တဖက်လူထံမှ ခပ်သြသြအသံကထွက်လာသည် “ ကျွန်တော်... ဝင်လာလို့ရရဲ့လား ”

အခုအချိန်မှတော့ ဘယ်လိုလုပ်လို့ရတော့မှာလဲ?! ဆူဟိုမျက်နှာပူစွာတွေးလိုက်သည်။ မသိချင်ယောင်ပဲဆောင်ရတော့မှာပဲ

“ သြော်....အင်း ” ဝင်လာလို့ရကြောင်း ဆူဟိုအသံပြုလိုက်၏။ ထို့နောက်အခန်းအတွင်းလျှောက်လှမ်းလာသော ဘွတ်ဖိနပ်အသံတိုးတိုးက ထွက်ပေါ်လာသည်။

To Captive A Matchmaker「𝙓𝙄𝙉𝙂𝙃𝙊」Transmigration Where stories live. Discover now