ပျော်ပါစေ မောင်.....
------------------(4 June,2019)
Ring Ring Ring.........
"ဟယ်လိုမောင်ရေ ဆုတို့နောက်ကျတော့မှာပဲ မြန်မြန်လုပ်လေမောင်ရယ်"
အဲ့ဒီ့လိုပဲ မောင်ကလေအပြင်သွားခါနီးကိုပြင်ဆင်နေတာများမပြီးတော့ဘူး။ဒီနေ့ကဆုတို့နှစ်ယောက်ရဲ့
5 years anniversaryလေ။ဒီနေ့အတွက်ဆုတို့
နှစ်ယောက်ဘုရားဝတ်ပြုမယ်။ပြီးရင်တော့
မောင်ကတစ်နေရာခေါ်သွားမယ်ပြောတယ်။
ဆုလူရှုပ်တဲ့နေရာတွေမကြိုက်တာမောင်သိရက်သားနဲ့
မောင်ဟာလေ သူလုပ်ချင်တာကိုပဲဇွတ်လုပ်တာ။
"အင်းပါဆုရယ် မောင်ထွက်လာနေပါပြီ။
ခဏပဲစောင့်ဟုတ်ပြီလား။မောင်အခုကားမောင်းနေလို့ ဖုန်းချလိုက်တော့မယ်နော်"
"ဟုတ် ဟုတ် ဂရုစိုက်မောင်းပြီးလာနော်မောင်"
မောင်ကဆုထက်၂နှစ်ငယ်တယ်ဆိုပေမယ့်
ဆုအတွက်တော့မောင်ကအကိုတစ်ယောက်၊အဖေတစ်ယောက်လို၊ရည်းစားတစ်ယောက်လိုပါ
လေးစားရတဲ့လူပါ။ ဆုမှားတာရှိရင်ဆုံမပေးတက်သလို
ဆုဆိုးတာမှန်မသမျှကိုလဲမောင်ကပဲသည်းခံပေးတာ။
အတွေးလွန်နေတုန်း၁၅မိနစ်လောက်အကြာအိမ်ရှေ့မှာကားသံကြားလို့ ဆုထွက်ကြည့်လိုက်တော့.....
"ဟော ဟိုမှာ မောင်ရောက်လာပြီ။ကြီးကြီးရေ မေမေရေဆုသွားလိုက်အုံးမယ်နော် ကိစ္စရှိရင်ဆုကိုဖုန်းခေါ်လိုက်နော်"
"အေးအေးသမီး မောင်ကောင်းမြတ်ကိုလဲ ကားကို
ဖြေးဖြေးမောင်းခိုင်းအုံး ဂရုစိုက်သွားကြားလား"
မေမေလှမ်းအော်ပြီးပြောတော့မောင်ကကြားသွားလို့ထင်ပါရဲ့ မောင်ကကားပေါ်ကနေ"စိတ်ချပါအန်တီမေမေရယ် ကျွန်တော်ဂရုစိုက်ပါတယ်ဗျာ"တဲ့လေ။အဲ့လိုနဲ့ဆုတို့ဘုရားဝတ်ပြုပြီး ဘုရားမှာ
အေးအေးဆေးဆေးအနားယူတာနဲ့နေ့လည်၃နာရီလောက်ကျတော့မောင်နဲ့အတူဆိုင်တစ်ဆိုင်ကိုထွက်လာခဲ့တယ်။ဆိုင်ထဲရောက်တော့လူအတော်ရှင်းနေပြီး ဆိုင်အပြင်အဆင်ကတခြားဆိုင်တွေနဲ့မတူပဲ သန့်လဲသန့်တယ်ပြီးတော့အစားအသောက်ကအစပြောစရာမရှိအောင်အဆင်ပြေတယ်။ခဏအကြာမောင်ကမျက်နှာချင်းဆိုင်ခုံကနေထလာပြီးဆုအရှေ့မှာဒူးလာထောက်တယ် ပြီးတော့ပြောလိုက်တဲ့စကားကဆုကမ္ဘာကြီးတစ်ခုလုံးတိတ်ဆိတ်သွားဖို့လုံလောက်တဲ့အထိပဲ မောင်က ဆုကို"မောင်တို့လက်ထပ်ကြရအောင် မောင့်ကိုလက်ခံပေးပါ"တဲ့လေ။ "ဆုလေ ဆုအရမ်းပျော်တာပဲမောင်ရယ်။ဟုတ်ကဲ့ပါမောင် ဆုတို့လက်ထပ်ကြရအောင်နော်"။ပြီးတော့ဆုမျက်ရည်ကျမိတယ်ထင်ပါရဲ့ မောင်က"ဆုရယ်မငိုပါနဲ့ ဆုမျက်ရည်ကျတာမလိုချင်လို့ပါကွာ"လို့ဆိုတော့
"ဟုတ် မောင်"ဟုသာ.......