နာကျင်စရာကောင်းတဲ့နေ့ရက်တွေကသူမကိုအားအင်တွေကုန်ခမ်းစေတယ်
ငါဘာလို့အသက်ရှင်နေရလဲဆိုပြီးတော့မေးခွန်းပြန်ထုတ်ရတဲ့အထိဖြစ်လာခဲ့တယ်
ခေါင်မိုးပေါ်မှာဆေးလိပ်ကိုရှူရှိုက်ရင်း"ငါသေသွားရင်"ဆိုတဲ့ scenario ကိုထပ်ခါထပ်ခါထပ်ခါ ပြန်စဥ်းစားနေခဲ့တဲ့ညပေါင်းလဲမနဲတော့ဘူး
သူမကဆေးလိပ်ကိုကြိုက်လွန်းလို့သောက်နေတာမဟုတ်ပါဘူးတစ်ကယ်ဆိုသူမကဆေးလိပ်ကိုအမုန်းဆုံးပဲ
အသက်မဆက်ချင်တော့လို့သူမရဲ့soulကိုတစ်စချင်းတစ်စချင်းဆုတ်ဖြဲနေတာသူမဟာပျက်ဆီးနေတဲ့လူငယ်တစ်ယောက်မဟုတ်သလိုတန်ဖိုးမရှိတော့တာလဲမဟုတ်ပါဘူးသူမကအနဲငယ်လမ်းပျောက်နေယုံပါ
စိတ်ရဲ့ဟိုးအောက်ခြေမှာတော့ရှင်သန်ချင်စိတ်နဲ့သူမကိုဝါးမြိုနေတဲ့အရိပ်မဲတွေကတိုက်ခိုက်နေကြတယ်'ငါ့ကိုကယ်တင်မဲ့လူမရှိတော့ဘူးလား'
သူမရေရွတ်မိတယ်
ဒါပေမဲ့သူမအသံဟာအမှောင်ထုထဲမှာပျောက်ကွယ်သွားခဲ့တယ်သူမကိုယ်သူမကယ်တင်ဖို့အားအင်တွေကလဲကုန်
ခမ်းသွားခဲ့ပြီ
ဆက်မတိုက်ခိုက်နိုင်တော့ဘူးမိဘတွေနဲ့လူကြီးတွေရဲ့မျှော်မှန်းချက်တွေကိုငါအကောင်ထည်ဖော်နိုင်ပါ့မလားဆိုတဲ့စိတ်ဖိအားတွေနဲ့'ငါမအောင်မြင်ရင်ဘဝကြီးပျက်စီးသွားတော့မှာ'ဆိုတဲ့အတွေးတွေနဲ့ချာချာလည်နေခဲ့ပြီ
အနုပညာကိုမြတ်နိုးသူတစ်ယောက်အဖို့လူကြီးတွေရဲ့ဖိနှိမ်မှူတွေကြောင့်တစ်ခုတည်းသောစိတ်ထွက်ပေါက်ဖြစ်တဲ့အနုပညာကိုလဲလက်လျှော့ခဲ့ရတယ်
လက်ကောက်ဝတ်ကမအောင်မြင်ခဲ့တဲ့ဓားဖြတ်ရာတွေကလဲသူမကိုလှောင်နေသလို
လောကကြီးကသူမကိုတမင်များနှိပ်ဆက်ချင်နေသလား
"လွတ်မြောက်ခွင့်ပေးပါတော့ အရိပ်မဲတွေရဲ့ဝါးမြိုမှူကိုတောင့်မခံနိုင်တော့ဘူး ငါ့ကိုလွတ်မြောက်ခွင့်ပေးပါ..........."ကျန်ရှိနေသေးတဲ့အင်အားလေးနဲ့အတောင်ပံကိုဖြန့်ပြီးတိုက်ထိပ်ကနေပျံသန်းလိုက်မယ်ဆိုရင်လွတ်လပ်မှုကိုရလောက်မလား......
-Akuma
1:35 (27.2.2022)