D

1.5K 117 16
                                    

UNICODE

" စိမ်းညို့ရောင် တောအုပ်တစ်ခု....
သူကတော့ ဒီတောအုပ်ကို ရွက်ကြွေတောလို့ အမည်နာမအပ်နှင်းတယ် ။ "

###


ခပ်လွင်လွင် ထွက်လာတဲ့ ရယ်သံက နားမှ တစ်ဆင့် နှလုံးသားရေပြင်ဆီ ကူးခတ်တယ် ။

စိမ်းညိုရောင် သစ်ပင်တွေရဲ့ကြားထဲ အဖြူရောင် ဖြစ်တည်မှုလေး...
လှစ်ခနဲပေါ်လာတဲ့ ‌ပါးချိုင့်ရေးရေးကြောင့် နှလုံးသည်းခြေဟာ ပွက်ပွက်ဆူတယ် ။

လက်လှမ်းလိုက်ချိန်မှာ ပျောက်ကွယ်သွားတဲ့ အဖြူရောင် ပုံရိပ်လေးကြောင့် နှလုံးဟာ အောင့်မျက်လာတယ် ။

ဆောနူ ထပ်ပြီး ယူကြုံးမရမှုတွေနဲ့ နိုးထလာခဲ့ပြန်တယ် ။

အိပ်မက်ထဲက ထိုလူဟာ ဘယ်သူလဲ သူမသိနေပါ ။
သူ ခုန်ဆင်းပြီး ခိုလှုံလိုက်ချင်တဲ့ ထိုပါးပြင်ထက်က ရေကန်လေးရဲ့ ပိုင်ရှင်ဟာ ဘယ်သူလဲ သူမသိနေပါ ။
ပါးချိုင့်ရေးရေးလေး၊ ညီညာတဲ့ သွားတန်းဖြူဖြူတွေနဲ့ ခပ်လွင်လွင်ရယ်သံကလွဲ ဆောနူ ဘယ်အရာကိုမှ မမှတ်မိ....

ထို ရက်ဆက်အိပ်မက်တွေထဲက နိုးထလာတိုင်း ‌သူဟာ ပြုံးလျက်ပေမဲ့
မျက်၀န်းမှာတော့ မျက်ရည်တွေ အိုင်တည်နေလျက်....

နာရီလက်တံက 7 အတိကို ညွှန်ပြနေတာကြောင့် ဆောနူ ခပ်သွက်သွက်ထရင်း ရေချိုးခန်းကို ဦးတည်ရတော့တယ် ။

အချိန် တစ်စက္ကန့်‌တောင် နောက်ကျလို့မရတဲ့ ဇီဇာကြောင်တဲ့ အလုပ်ရှင်ကြောင့် အရာရာကို ခပ်မြန်မြန်လုပ်တတ်တဲ့ အကျင့်တစ်ခုက သူ့မှာ ကပ်စွဲလာခဲ့တယ် ။
ဆောနူက အချိန်တိကျတဲ့လူဖြစ်တာမို့ တစ်ခါမှ Kyla ရဲ့ တဗျစ်တောက်တောက်ပြောဆိုမှုကို မခံခဲ့ရပေမဲ့ နောက်ကျလို့ရှိရင်တောင် ဆောနူရဲ့ မျက်နှာချိုချိုလေးကို ငှဲ့ကြည့်မည့် လူမျိုး မဟုတ်တာကြောင့် ဆောနူက အရာရာကို တိကျစေခြင်းဖြင့်သာ အဆုံးသတ်ရလေတယ် ။

ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ ကနေဒါရာသီဥတုကြောင့် မာဖလာ စိမ်းညိုရောင်ကို လည်ပင်းဖွေးဖွေးထက်မှာ ရစ်ပတ်လိုက်တယ် ။
လက်ဆွဲတော် သားရေအိတ်ကို ယူရင်း မှန်ကိုကြည့်ကာ နီညိုရောင် ဆံနွယ်တွေကို လက်ဖြင့် တစ်ချက် နှစ်ချက် သပ်ချလိုက်တော့ နူးညံ့တဲ့ ဆံနွယ်တွေက ပုံကျသပ်ရပ်စွာဖြင့်....

𝗗𝗲𝗰𝗶𝗱𝘂𝗼𝘂𝘀   || 훈선 ||Where stories live. Discover now