E

833 102 20
                                    

LANY - THICK AND THIN

UNICODE

"ရွက်ကြွယ်တောထဲ၀ယ် လေပွေသည် မဖိတ်ခေါ်ပဲ တိုက်ခတ်၏ ။ လွင့်လာသည်ကား အဖြူရောင် နှလုံးသားတစ်စုံ...."

###


နီညိုရောင် ဆံနွယ်တွေထဲ တိုး၀င်လာတဲ့ စတင်ရာ နှုတ်ခေါင်းဖျားလေးကြောင့် လူငယ်ဟာ ကြည်နူးစွာ ရယ်ရွှင်မှုဖြင့် အဆုံးသတ်တယ် ။

တလွင်လွင်ထွက်ပေါ်လာတဲ့ ရယ်သံတွေ လွှမ်းမိုးနေတဲ့ ပတ်၀န်းကျင်၀ယ် နီညိုရောင် ဆံနွယ်ကောက်တွေကြားထဲ နစ်၀င်နေတဲ့ အမျိုးသားတစ်ယောက်ဟာလည်း ပါးချိုင့်တွေ ပေါ်သည်ထိ ပြုံးရယ်နေ‌လေရဲ့ ။

" ကိုယ့် အမျိုးသားလေးက သဘောကျနေတာပဲ "

ဧက အနည်းငယ်ကျယ်တဲ့ သူပိုင်သည့် မြေကွက်ထဲမှာ စီစီရီရီ စိုက်ထားသော မေပယ်လ်ပင်တွေ...
အဲ့ဒီအပင်တွေရဲ့ အောက်မှာက သူရယ် သူ့တစ်ယောက်တည်း‌သောရယ် ။ ပြီးတော့ စန္ဒယားတစ်လုံးရယ်....

ဆောင်းဦးမို့ ရဲရဲနီနေသော မေပယ်လ်ရွက်တွေက တစ်ယောက်တည်းသောနှင့် ပနံသင့်စွာ...

အနီရောင်တွေ ဖြတ်ပြေးနေသည့် နှာခေါင်းလုံးလုံးလေးနှင့် ပါးမို့လေးနှစ်ဖက်က သူ့ကို အသည်းယားစေသည် ။

" ချမ်းနေပြီမလား
အိမ်ပြန်‌ရအောင်လေ "

ဒီအမည်မဲ့ တောအုပ်ငယ်လေးကို သဘောကျသည့် တစ်ယောက်တည်းသောက နှာခေါင်းရှုံ့ခြင်းဖြင့် သူ့အကြံပေးမှုကို နင်းချေပစ်သည် ။

" ခင်ဗျားဘာသာ ခင်ဗျားပြန်ပါဗျာ "

" ဟောဗျာ ဒါ ကိုယ်ပိုင်တဲ့ နေရာလေ အမျိုးသားလေးရဲ့ "

မျက်စောင်းထိုးခြင်းအမှုကို မပြုတတ်သည့် သူ့တစ်ယောက်တည်းသောက ဘယ်လို ဆိုးနွဲ့ရမည်ကို မသိသဖြင့် အခက်တွေ့နေပုံပင် ။

အသည်းယားလ‌ှချည်ရဲ့....

" ပြီးရောဗျာ ပြန်မယ် "

ချစ်သူသက်တမ်း တစ်နှစ်ကျော်သည့်တိုင် စိတ်ဆိုးစိတ်ကောက်ခြင်းကို မပြုတတ်သေးသည့် ချစ်စရာ မြတ်နိုးစရာတွေနဲ့ ထွေးပွေ့ထားချင်စရာကောင်းလှတဲ့ ကောင်လေးရယ်ပါ ။

𝗗𝗲𝗰𝗶𝗱𝘂𝗼𝘂𝘀   || 훈선 ||Where stories live. Discover now