"ဟက်လို ကြီးတိုး ""သားခွန်း မမီ အခုဆေးရုံမှာ"
"ဗျာ...... ဘယ်ဆေးရုံလဲ သားအခုလာခဲ့မယ်"
Care Healthlyဆိုသော ပုဂ္ဂလိကပိုင်ဆေးရုံကြီးဆီသို့ စစ်ခွန်းနောင် မပြေးရုံတမယ်ဝင်လာခဲ့သည်။
"မာမီ"
"ခွန်း ဘယ်လိုလုပ်ရောက်လာတာလဲ အင်းအတိုး phဆက်ခေါ်ပြန်ပြီလား"
သူ့အားလူနာကုတင်ထက်မှပြောနေသောအမေ့စကားကို မဖြေနိုင်သေးပါ အခုချိန်မှာသူသိသည်က သူသိပ်ချစ်ရပါသော မာမီဘာမှမဖြစ်ဖို့သာ
"မာမီ ဘယ်လိုဖြစ်တာလဲဟင် သားဖြင့်စိတ်ပူလိုက်ရတာ "
"ကားချင်းမတော်တဆတိုက်မိမလိုဖြစ်ရုံပါ မာမီလည်းရုတ်တရတ်ဆိုတော့လန့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားတာ အဲ့တာနဲ့မင်းကြီးတိုးက စိတ်ပူပြီးအခုလိုphလှမ်းဆက်ပြီးခေါ်လိုက်တာပါ စိတ်မပူပါနဲ့ မာမီနဲ့တိုက်မိမလိုဖြစ်တဲ့ကလေးကလည်းဒီကဆရာဝန်လေ အဲ့တာကြောင့်မာမီ့ကိုသူ့ဆေးရုံခေါ်လာတာ"
"အဲ့လို ဆေးရုံခေါ်လာရုံနဲ့ပြီးရောလား မတော် မာမီဒီ့ထက်ပိုပြီးတစ်ခုခုဖြစ်ရင်ရောဘယ်လိုလုပ်မလဲ မာမီကနှလုံးရောဂါကြီးနဲ့လေ "
"တကယ်တော့ ကြီးတိုး တို့ကမှားတာပါ ဟိုဆရာဝန်လေးက လမ်းမှန်မောင်းတာ ကြီးတိုးတို့ကသာအကွေ့ကိုမကြည့်လိုက်ဘဲကွေ့မိလိုက်လို့ပါ"
"ဟုတ်ပါတယ်ခွန်းရယ် မာမီတို့ကမှားတာပါနောက်ပြီးအခုမာမီဘာမှဖြစ်တာမှမဟုတ်ဘဲကို"
ဖခင်မရှိတော့တဲ့ သူ့ဘဝမှာ မာမီနဲ့ကြီးတိုးသာသူ့ရဲ့အချစ်ရဆုံးသူတွေပါ ငယ်ငယ်လေးကတည်းက ဆိုးချင်းတိုင်းဆိုးခဲ့တဲ့သူ့ကိုမာမီကသာနားလည်အပေးနိုင်ဆုံးပင် အကယ်၍ မာမီသာသူ့အနားကထွက်သွားခဲ့ရင်ဆိုသောအတွေးကိုပင်မတွေးနိုင်လောက်အောင်ထိ စစ်ခွန်းနောင်ကြောက်ပါသည်။
ကျွီ.........
အခန်းတံခါးဖွင့်သံနဲ့အတူမြင်လိုက်ရတဲ့ လူကြောင့် စစ်ခွန်းနောင် နှလုံးသားတစ်ခုလုံးအပြင်ခုန်ထွက်တော့မလားပင်ထင်ရသည်။
YOU ARE READING
အချစ်သည်သာ(အခ်စ္သည္သာ)
Romanceနှလုံးသားကြောင့်လားအချစ်ကြောင့်လားမသေချာပေမဲ့ ကျွန်တော်တကယ်ခင်ဗျားကိုပိုင်ဆိုင်ချင်မိတယ် စစ်ခွန်းနောင် ရင်ခုန်တိုင်းသာအချစ်ဆိုရင်လူတိုင်းကအချစ်တွေအချိန်တိုင်းရှိနေမှာပေါ့ ရင်မခုန်တဲ့သူဆိုတာသေလူဘဲရှိတယ်...