Part 1

320 11 6
                                    

Zawgyi

"မင်းဇေရတု..မင်းဇေရတု!"

"ဗျာ..လာပြီခင်ဗျာ့"

အန်တီမြ၏ အလောတကြီးခေါ်သံကြောင့် ရတု
အသံပြန်ပြုလိုက်ပြီး အခန်းထဲကနေ ဧည့်ခန်းထဲသို့
ထွက်လာခဲ့သည်။

"ဒီနားမြန်မြန်လာစမ်းပါ ရတုရယ်"

"အန်တီမြ ဘာဖြစ်လို့လဲခင်ဗျာ့။"

အန်တီမြကအနားကိုအမြန်လာဖို့ လက်ယက်ခေါ်နေ လို့ အလျင်စလိုလျှောက်သွားကာမေးရတော့သည်။

"ရတု ငါ အခုပြောမဲ့စကားကို နင် စိတ်ငြိမ်ငြိမ်
ထားပြီး နားထောင်နော်။"

ထိုစကားကြောင့် ရတုမျက်မှောင်တစ်ချက် ကျုံ့မိ
သည်။

"ဟုတ်ကဲ့။"

"နင့် အဖေနဲ့ အမေ လေ ကား အက်စီးဒင့် ဖြစ်လို့
ဆုံးပြီတဲ့။ အခုပဲ ဆေးရုံကဖုန်းဆက်တာ ငါတို့
ဆေးရုံကို အခုပဲလိုက်သွားရမယ်။"

"ဗျာ..မဟုတ်တာ။အန်..အန်တီမြနောက်နေတာ
မလား။"

"ဟဲ့..ဒီလိုကိစ္စမျိုး ငါကနောက်စရာလား။"

"ဟင်!"

ရတု အရုပ်ကြိုးပျက်ဖြစ်ကာ ဆိုဖာခုံပေါ်သို့
ထိုင်ချမိသည်။မဖြစ်နိုင်ဘူး။ဖေဖေနဲ့မေမေက
မနက်ကလေးတင် တောင်ကြီးကိုအလုပ်ကိစ္စနဲ့
ခရီးသွားမယ်ဆိုပြီးထွက်သွားတာလေ။အခု နေ့ခင်း
ပိုင်းကျ ကားအက်စီးဒင့်ဖြစ်လို့ဆုံးပြီတဲ့လား။
ဟင့်အင်း မဖြစ်နိုင်ဘူး။မဖြစ်နိုင်ဘူး။

မဖြစ်နိုင်ဘူးဆိုတဲ့အငြင်းဝါကျ ကိုသာ ရတုစိတ်ထဲ
အတွင်တွင် ရေရွတ်နေမိ၏။

"ဟဲ့ ဘာငိုင်နေတာလဲ ဆေးရုံသွားရမယ်လို့
ကြားလား။"

"အင်း..ဟုတ်တယ် ဆေးရုံ ဆေးရုံ သွားရမယ်။"

အိမ်နေရင်း အဝတ်အစားနဲ့ ဖိနပ်ကို တောင်တစ်ဖက်
မြောက်တစ်ဖက်စီးကာ ထွက်သွားတဲ့ တူတော်မောင်
နောက်သို့ ဒေါ်မြသွင် အမြန်လိုက်ရတော့သည်။

🔹️🔹️🔹️🔹️🔹️🔹️

"အမှန်မဟုတ်ပါစေနဲ့..အမှန်မဟုတ်ပါစေနဲ့"

ဖေဖေတို့ဆီကိုလာရင်း ဆေးရုံဓာတ်လှေကားထဲ
တွင် ရတု ဇောချွေးတွေပြန်ကာပါးစပ်ကလဲ
ဖေဖေတို့ ဆုံးတာ အမှန်မဟုတ်ပါစေနဲ့လို့
တတွတ်တွတ်ပြောနေမိသည်။

* နှောင်တွယ်ရစ်သော မေတ္တာချည် *(Ongoing)Where stories live. Discover now