love and mue❣️ep 1

16 2 0
                                    

"မူး ရေ
ဟုတ်ကဲ့လာပြီဗျ"
မြန်မြန်လာပါအေ ကြာလိုက်တာ ဟုအဒေါ်ဖြစ်သူကခေါင်းရမ်းရင်းခေါ်နေသည်။နင်ကလည်းဘာလုပ်နေရမှန်းမသိသွားရမယ်လာရမယ်ဆိုတာသိသားနဲ့
လာပါပြီ ဒေါ်လေးရယ်ဆေးတွေထည့်နေလို့ပါ
ကဲ ကဲ စုံပြီဆိုလည်းသွားရအောင်......
Mini busပေါ်ရောက်တော့ပြတင်းပေါက်ရှိတဲ့မှာမူးထိုင်ပြီးဒေါ်လေးကအတွင်းဘက်မှာထိုင်တယ်။မူးလည်းပြတင်း‌ေပါက်ငေးရင်းရန်ကုန်မြို့ကြီးရဲ့အလှအပတွေကိုခံစားရန်အသင့်ပြင်ထားမိတော့တယ်။
မူးရဲ့ဖေဖေကတော့ဆုံးသွားပြီလို့ပြောပြတယ်။မေမေကရော
အင်း.....မရှိဘူးတဲ့။သိတတ်စအရွယ်တည်းကဒေါ်လေးနဲ့နေခဲ့တာပါ။ဒေါ်လေးကတော့ခင်ခင်ညိုတဲ့နာမည်နဲ့လိုက်အောင်ညိုတုတ်တုတ်နဲ့ပါနယ်မှာမိဘမဲ့ကျောင်းဖွင့်ပြီးဦးစီးနေတာပေါ့။ကျွန်တော်ကခိုလှုံရာမိဘမဲ့ဂေဟာက ပထမဆုံးပညာတတ်လို့တော့ပြောရမယ်ဗျ။ဆယ်တန်း၃ဘာသာနဲ့အောင်ပေမယ့်အဂ်လိပ်စာကိုအဝေးသင်ပဲယူမယ်လို့ပြောပြီးရန်ကုန်မှာအလုပ်လုပ်ဖို့တက်လာတာဗျ။ဒေါ်လေးကတော့ပြောပါတယ်ဗျကျောင်းကိုမကြည့်လည်းရပါတယ်ပေါ့။ကျွန်တော်ကတော့ကျေးဇူးဆပ်ချင်သေးတယ်လေ။မွေးပေးတဲ့မေမေကိုတော့တွေ့ချင်ပါသေးတယ်။သူကတော့တွေ့ချင်လားတော့မသိပေမယ်။
အခုသွားနေမယ့်နေရာကဒေါ်လေးရဲ့အသိအမျိုးသမီးလို့ပြောပါတယ်။အမျိုးသမီးနာမည်က‌ေဒါ်ထားအိလို့ပြောပါတယ်။သူမှာသမီးနှစ်ယောက်နဲ့အငယ်ဆုံးသားလေးတစ်ယောက်ရှိပါတယ်တဲ့။သမီးကြီးကနယ်မှာအိမ်ထောင်ကျပြီးစုံရေးမှူးကတော်လို့ပြောတယ်။အလတ်မကတော့ငွေမှုံတဲ့ကျွန်တော်ထက်၄နှစ်ကြီးပြီးနာမည်ကြီးComanyမှာလုပ်နေတာတဲ့။ဘယ်လိုတွေရင်ဆိုင်ရဦးမလဲမသိပေမယ့်အကောင်ဆုံးဖြစ်အောင်နေပါ့မယ်လို့ဒေါ်လေးကိုဂတိတွေပေးထားရတယ်။
မူး ရေ ဆင်းရအောင် စော်ဘွားကြီးကုန်းရောက်နေပြီ။
ဟုတ် ဒေါ်လေး
ဒီလိုနဲ့Taxiဆီစီးပြီးလှိုင်သာယာကိုရောက်လာတယ်။ဒေါ်လေးထားအိတို့အိမ်ကနှစ်ထပ်တိုက်ပန်းရောင်လေးပါ။ပန်းပင်တွေလည်းစိုက်ထားပြီးစံပယ်ကိုလည်းအမျာကြီးစိုက်ထားတယ်။
မူးကစံပယ်ချစ်တယ်။စံပယ်လေးကိုအားကျတယ်။အဖြူထည်လေးမလို့ပါ။
ခနနေတော့ဖြူဖြူချောချောအဒေါ်တစ်‌ေယာက်ထွက်လာပြီး
ဒေါ်လေးကိုနှုတ်ဆက်လာတယ်။
မခင်ရယ်စောင့်နေတာကွယ်။
အခုမှပဲပေါ်လာတော့တယ်။အမလေးနောက်ကမူးလေးလားဟယ်ချစ်စရာလေးတော့ချောလိုက်တာကွယ်အမေနဲ့တူတာပဲ
ခင်ဗျာ....
ဟဲ့ ထားအိညည်းကလည်းရှည်လိုက်တာ‌အေ
မောတယ်တော့နေပူရတဲ့အထဲအိမ်ထဲခေါ်ပါဦး။
အော်ဟုတ်။အမရေထားလည်းမေ့နေတာ။လာလာအိမ်ထဲကြွချေ။
မူးချို ခလေးလည်းလာလေ။
ဟုတ် ဒေါ်ဒေါ်။
အခုလောလောဆယ်‌ေတာ့အိမ်မှာကျွန်မပဲရှိတယ်
အငယ်လေးကကျောင်းသွားအလတ်မကအလုပ်ပေါ့။
ဟော ပြောရင်းဆိုရင်းပေါက်ချလာပါပြီ။စပ်စလူးမ
‌အဒေါ်ထားအိအပြောကြောင့်ဒေါ်လေးရောကျွန်တော်ရောအပေါက်ဝကိုလှမ်းကြည့်မိသည်။
ဒေါက် ဒေါက် ဂလွမ် ဂလွမ်
ဟဲ့ဟဲ့ အမလေး
ဖြေးဖြေးလုပ်ပါမိ‌ငွေမှုံရယ်
ညည်းလုပ်တာနဲ့ကျုပ်ပန်းအိုးတွေတော့ကုန်ပါပြီအေ
ဟာ အမေကလည်းဗျားသမီးကျမစိုးရိမ်ဘူးလား
ကို့ယ့်သမီးလေးဘာဖြစ်သွားလည်းမကြည့်ဘဲနဲ့
အေး အေး ဟေ့
ငါမှားတာ ငါမှားတာ
ဟားဟားဟား
ကျွန်တော်လည်းရယ်မိသွားသည်။ကျွန်တော့အမဖြစ်လာမယ့်သူကတကယ်အချောလေးဗျ။ဆံပင်ကြီးကအရှည်ကြီးပြီတော့မျက်ခုံးမျက်လုံးကလည်းကောင်းဗျ။
"ဟယ် ဒါမေမေပြောတယ့်မှန်ချိုဆိုတဲ့တစ်ယောက်လား
ချောလိုက်တာအေ ငါတော့မွေးစားသားလေးရပြီ။"
မောင်လေးကမှန်ချိုလား
ဟဲ့ မူးချို လုပ်ပါဟဲ့ နင်ဟာလေ စောက်တလွဲ
ဟဲဟဲဟဲ မှားသွားလို့ပါအမေရယ်
ကဲ မူးရေ အဲဒါမင်းအမ ငွေမှုံတဲ့အေ မြင်တဲ့အတိုင်းပဲလုပ်လိုက်ရင်အမြဲတလွဲ။
ဟာ မေမေကလည်း။
ဘာလည်းတာလဲသွား အပေါ်တက်တော့ နင့်မြင်ရတာငါမူးနောက်နေတာပဲ။
မောင်လေးသွားပြီနော်။ ဒေါ်ဒေါ်ခင်ညိုမီးမီးသွားပြီနော်ပြီးကျမှဆင်းလာခဲ့မယ်။
အေအေ သမီးလေး
ဖြည်းဖြည်းသွားချော်လဲမယ်။
ဟုတ်ကဲ့။
_________________________________________________
ညနေရောက်တော့။
ညည်းကိုငါပြောပေါင်းမနည်းဘူးဟင်းတွေကိုနှိုက်မစားပါနဲ့ဆိုတာကို ငါခေါက်ထည့်လိုက်ရ။ဒီကောင်းမလေးကတော့
မောင်ခလး မူးလေးရော
ရှိပရှေ့မှာပန်းပင်ရေလောင်းနေတယ်။စံပယ်ချစ်သတဲ့တော်
သူ့အမေအတိုင်းပဲ။တိုးတိုးပြောပါထားအိရယ်ကြားသွားပါဦးမယ်။
ဘာဖြစ်လို့လည်း‌ကြီးမေရဲ့သမီးလည်းသိချင်တယ်။
ညည်းအသာနေပါ လူကြီးတွေကြားတဲဝင်မရှုပ်နဲ့။
အမေကလည်း။တအောက်လောက်နေရင်ညည်းမောင်ပြန်လာတော့မှာသွားကြိုချည်ကလေးကို။ဟုတ်။ မောင်းမူးကိုလည်းခေါ်သွားမယ်နော်။
အေအေ‌လိုက်ချင်တယ်ဆိုခေါ်သွားပေါ့။
ငွေမှုံထွက်သွားတော့မှ
အမရေ ကျုပ်လည်းစိတ်မကောင်းလို့ပါအေ
လွှတ်ခနဲထွက်သွားမိတာ
ရပါတယ်အေ သူမလည်းပျော်နေမှာပါ
။။။။။။။။။
ဟေ့ မူး။
ဗျာအမ
ယဉ်ကျေးစရာမလိုပါဘူး
မူးကငါ့‌သားလေးပဲဥစ္စာ
ဗျာ ??
ဪ။ ငါ့မောင်လေးလို့ပြောတာပါ
ဟီးဟီး
တော်ပါသေး။ မောင်လေးသွားကြိုမလို့လိုက်ခဲ့ပါလား
ဟုတ်အမ ကလေးကဘယ်နှတန်းလည်းဟင်
ရှစ်တန်းလေ
သူလေး၅တန်းမှာဖေဖေဆုံးတာ
သနားပါတယ်။

sorry မင်းကိုဒါတွေမပြောသင့်ဘူး။
စိတ်ထဲမထားနဲ့
ရပါတယ်အမရယ်
ကျွန်တော်ဘာမှမဖြစ်ပါဘူး
စကားပြောနေကြရင်းကျူရှင်ရှေ့တောင်ရောက်လာပါပြီ
မမ ရေ
ဟုဆိုကာ ခန့်ခန့်လေးကထွက်လာသည်။
ခန့်လေး ဒါမူးချိုတဲ့တို့အိမ်ကိုအခုမှရောက်လာတာငါ့မောင်လေးကိုကိုတစ်ယောက်ရပြီနော့်
ဟားး ပျော်စရာကြီး
ကိုကိုမူးကျွန်တော်နဲ့ဆော့ရမှာနော်
ဟုတ်ကဲ့ပါဗျာ
တယ်ဒီကလေးကတော့ စာအ‌ကြောင်းမတွေးဘူး။
မောင်လေးသတိထား
အာ့ အမလေး
လမ်းလျှောက်လာရင်းကားနဲ့ပွတ်မိတာဖြစ်သည်
ရလား အရင်တုန်းကလမ်းထဲမှာဒီလိုမရှိပါဘူး
ဘယ်ကကားလည်းမသိဘူးသူ့လမ်းများမှတ်နေလားမသိ
တကယ်ပဲ
ရပါတယ်အမရယ်
ကျွန်တော်ဘာမှမဖြစ်ပါဘူး
ကိုကိုမူးအဆင်ပြေလား
ရတယ်ညီလေးအကိုဘာမှမဖြစ်ပါဘူး

လာလာမြန်မြန်လျှောက်ကြရအောင်။
အိမ်ရောက်တော့ထမင်းစားကြပြီးခန့်လေးကိုစာပြကာကျွန်တော်ဘုရားရှိခိုက်လိုက်တယ်။ပြီးတော့ဒေါ်ဒေါ်တို့နှစ်ယောက်ကိုကန်တော့ပြီခုတင်ပေါ်သို့တက်လာခဲ့တယ်
ရောက်ပြီးညနေကအကြောင်းကိုတွေမိတော့ရယ်မိသေးတယ်ရှေ့လျောက်တော့ အင်းးး အဆင်ပြေမှာပါ မနက်ဖန်ကျဖုန်းထည်းကsaveထားတဲ့အလုပ်လေးတွေလိုက်လျောက်ဖို့အားမွေးရပါဦးမယ်။။။
Semeကနောက်တပိုင်းလာပါမယ်နော်

အချစ်နှင့်မူး Love And Mue❣️M-pregWhere stories live. Discover now