မင်္ဂလာပါခဗျာ......
ဟုတ်ကဲ့ မင်္ဂလာပါရှင့် ဘာများကူညီပေးရမလဲရှင့်
မူးတစ်ယောက်မနက်တည်းက ဖုန်းထဲမှsaveထားသော
Truth koe ဆိုတဲ့cafe and cake ဆိုင်လေးသို့ရောက်လာခြင်းဖြစ်သည်။
ဆိုင်လေး၏အတွင်းအပြင်သည်အစိမ်းရောင်လေးများနဲ့ပုံဖော်ထားကာအဖြူရောင်လိုင်းလေးများဖောက်ထားသည်။
ပန်းချစ်သူများအတွက်လည်းပန်းလှလှလေးများမျက်နှာမလွှနိုင်အောင်ရှိနေသည်။မူးဆုတောင်းမိသည်။ဒီဆိုင်လေးမှာအလုပ်ရပါစေဟု။
မူး အတွေးလွန်နေတာဆိုင်ထဲကလူတစ်ယောက်ထွက်လာမှ
သတိပြန်ဝင်လာကာ ဆိုင်ထဲသို့ဝင်လာခဲ့တယ်။
Counterကအမကိုအရင်မေးကြည့်ရမယ်
အမ အလုပ်ေလျှာက်ချင်လို့ပါခဗျ။
ဪ မောင်လေးသူဌေးကတောင်မနက်ကပြောနေတာ
လူလိုနေပြီလို့။ဒါနဲ့မောင်လေးက အချိန်ပိုင်းလား။
အချိန်ပိုင်းဆိုရင်တော့ အဆင်မပြေဘူးမောင်လေး။အမတို့က 24နာရီလိုချင်တာ။
ဟုတ် ရပါတယ်ဗျ မူး ..sorry ကျွန်တော်ကအဝေးသင်တက်မှာဆိုတော့ ကျောင်းမဖွင့်ခင်အထိလုပ်ပေးလို့ရပါတယ်ဗျ။
Ok လေမောင်လေး။အမသွားပြောပေးမယ်ခနစောင့်နော်။
ဟုတ်ကဲ့ခဗျ။
ခနကြာတော့
မောင်လေး bossကဝင်လာခဲ့ပါတဲ့
ဟုတ်ကဲ့ဗျ
မင်္ဂလာပါဗျ
ရပါတယ်ကွာ အရမ်းကြီးstressမထားပါနဲ့။အကိုကပေါ့ပေါ့ပါးပါးပဲ။
ဪ အကို့နာမည်ကပြည်စိုးပါ အကိုကlgbt တစ်ယောက်ပါ
ခင်ဗျာ
ဪ ဟ ဟ ငါ့ညီကနားမလည်ဘူးနဲ့တူတယ်။ရှင်းရှင်းပြောရရင်ကွာအကိုကgayပါ။အကို့မှာboyfriendရှိတယ်။
ဟို ဟို ကျွန်တော်ပြောချင်တာက အံ့ဩသွားလို့ပါ။အကို့ကိုအထင်သေးလို့မဟုတ်ပါဘူး။
ဟုတ်လား ။အကိုပွင့်ပွင့်လင်းလင်းပြောပြတာပါ။တစ်ချို့ကျရှိတယ်လေပိုင်ရှင်မို့သာရှိန်နေရပေမယ့်နောက်ကွယ်ကျရင်နှာခေါင်းရှုံ့ကြတယ်လေ။
ဟုတ်ကဲ့။ကျွန်တော်နားလည်ပါတယ်ဗျ။
ရပါပြီ မင်းကိုအကိုအလုပ်ခန့်လိုက်ပြီမင်းမနက်ကျရင်လာဆင်ပေးပေါ့။အကိုကခရီးသွားမှာဆိုတော့ဒီကြားထဲအဆင်ပြေသလိုမင်းကိုသင်ပေးသွားတော့ဒီကြားထဲအဆင်ပြေသလိုမင်းကိုသင်ပေးသွားပါ့မယ်။5ရက်လောက်တော့အချိန်ရပါတယ်။
ရပါတယ်အကို။ ကျွန်တော်လည်းနည်းနည်းပါးလေ့လာထားပါတယ်ဗျ။
သင်တန်းတက်ထားတာလား
မဟုတ်ဘူးခင်ဗျ ။ဖုန်းထဲကပါ။onlineပေါ်ကပါ။
ဪ မဆိုးပါဘူးဒါလည်းအတွေ့အကြုံပါပဲ။
ခန နေပါဦး
ခင်ဗျာ
မင်းနာမည်လည်းအကိုမသိရသေးပါလား
ဟုတ် သား ကျွန်တော်တောင်းပန်ပါတယ်ဗျ
ကျွန်တော့နာမည်မူးချိုပါဗျ
နာမည်လေးကအဆန်းလေးပဲ။
ဟုတ်ကဲ့အကိုကတော့မူးချိုလို့ပဲခေါ်မယ်နော်
ဟုတ်ကဲ့ခင်ဗျ။
တီ တီ တီ ဖုန်းဝင်လာသည့်အသံကြားတာနဲ့အကိုကကျွန်တော့်ကိုလက်ကာပြကာဖုန်းကိုကိုင်လိုက်သည်။
သည်းလေးအခုပဲကိုကိုခေါ်တော့မို့။မညာပါဘူးဗျာ
အခုလေးတင်interviewလို့ပြီးတာ
ဟုတ်ပဗျာ။လူရိုးလေးပါ။vcခေါ်လိုက်လေ။
မူးချိုခနလောက်ရတယ်မလား။ကို့အသည်းလေးက။
ကြည့်ချင်လို့ပါတဲ့။
ရပါတယ်ဗျ။
တီတီ ... hi. you see baby.i say truth .believe me baby
ယုံပါတယ်ကိုကိုရယ်။
ဒါနဲ့ညီလေးတစ်မျိုးမထင်ပါနဲ့။သူညာနေမှာဆိုးလို့ပါ။
ညီလေးကိုမြင်ဖူးနေသလိုပဲ။
ဟုတ် ကျွန်တော်doctorကိုသိပါတယ်ဗျ
ကျွန်တော်တို့မိဘမဲ့ကျောင်းကိုအပတ်တိုင်းလာပြီးပရဟိတကူညီပေးတဲ့ဆရာဝန်အဖွဲ့ထဲမှာပါဗျ။
ဪ အကို့သိပြီ။အကို့နာမည်က koe koe maung ပါ။
ရင်းရင်းနှီးနှိးအကိုလို့ပဲခေါ်လို့ရပါတယ်ကွာ။
မင်းလက်ထဲကိုအကို့ချစ်သူကိုအပ်ပါရစေ။
သူမဟုတ်တာလုပ်ရင်အကို့ပြန်ပြောပြနော်သိလား။
သူက လူရှုပ်။
ဟာ အချစ်ရ။ koeလေးရာ။ကိုကိုမရှုပ်တော့ပါဘူးနော်။အချစ်ဆိုတဲ့ကိုးကိုးမောင်လေးရဲ့ညွှတ်ကွင်းထဲမှာ ကျဆင်းနေပါပြီ။
ပြီးတာပဲ ဒါပဲ ဒီတစ်ပတ်ပိတ်ရက်လာရင်မုန်အများကြီဝယ်ခဲ့နော်ကိုကို။ကိုးကိုးမှာမုန်တွေကုန်တော့မယ်။
အေးပါအသည်းရာ။
ဒါပဲဒါပဲ dutyဝင်ရတော့မယ်။
ညီလေးရေ တာ့တာ
ဟုတ်ကဲ့ဗျ။
အကိုတို့ကအရမ်းချစ်ကြတယ်နော်
ဟုတ်သား အရမ်းမျက်စိနောက်သွားလား
အချစ်နဲ့တွေ့ရင်ထိန်းမရတော့လို့ပါ ပြီးတော့အကိုတို့ကလွယ်လွယ်နဲ့ချစ်ခဲ့ရတာမဟုတ်ဘူးလေ။ငါ့ညီရိပ်မိမှာပါ။သူကဆရာဝန်ဆိုတော့သူ့အသိုင်းအဝိုင်းကလုံးဝnagative
ကွာ။အကိုတို့ရင်ဆိုင်ခဲ့ရတာအများကြီးပဲ။
Sorryကွာ သူစိမ်းကိုပြောမိသလိုဖြစ်နေပြီ။
ရပါတယ် အကိုရာ
ကျွန်တော်မိဘမဲ့တစ်ယောက်ဆိုတော့အချစ်ကိုအရမ်းတန်ဖိုးထားပါတယ်။မေတ္တာလိုချင်တယ်လေ။အာ့တာမို့အကုန်လုံးကိုစိတ်စေတနာအစစ်အမှန်ပဲပေးဖြစ်တယ်။အခုအကိုတို့ရဲ့ချစ်ခြင်းကြတော့လည်းရောင်စုံနေပြီးလှနေလိုက်တာဗျာ အားကျတယ်ဗျာ။ကျွန်တော်လည်းတစ်နေ့လောက်ချစ်ခြင်းမေတ္တာကြီးကိုအပြည့်အဝခံစားကြည့်ချင်လိုက်တာ။
ကျွန်တော့်ကို ခွင့်ပြုပါဦးဗျ ။မဆိုင်တာတွေလည်းပြောမိကုန်ပြီ။
ရပါတယ်။အခုကစပြီးမင်းဟာအကိုတို့ရဲ့မိသားစုဖြစ်သွားပြီပဲ။မနက်မှအကုန်လုံးနဲ့မိတ်ဆက်ပေးတော့မယ်။မနက်တော့စောစောလာခဲ့နော် အကိုက အချိန်မှန်တာထက်ဝီရိယရှိတာကိုပိုကြိုက်တယ်။
ဟုတ်ကဲ့ခင်ဗျ။
______&_&&&_________
မူးတစ်ယောက် ဆိုင်လေးထဲမှပျော်ရွှင်စွာပြန်ထွက်လာခဲ့တယ်။ခြေထောက်ကလေးစောင့်ကာစောင့်ကာ ဆော့ရင်းကားမှတ်တိုင်သို့လျှောက်လာခဲ့တယ်။
လမ်းလျှောက်နေရင်းစိုက်ကြည့်နေသလိုခံစားရတာကြောင့်ကိုယ်ရှိန်သပ်ကာနောက်လှည့်ကြည့်လိုက်တယ်။
ဘာမှတော့မတွေ့ခပ်လှမ်းလှမ်းကပြိုင်ကားအဖြူလေးကိုသာတွေ့ရတယ်။ကို့ကိုယ်ကိုမလုံတာနဲ့ပဲပုံမှန်အတိုင်းလျှောက်ကာ
မှတ်တိုင်ဆီသာလာခဲ့တော့သည်။
နန္ဒမှိုင်းတစ်ယောက် company မှအပြန်မြတ်မင်းကိုနှင့်barသွားပြီးအချိန်ဖြုန်းရန်ထွက်လာခဲ့ကြတယ်။
သကောင့်သားကလမ်းမှာကော်ဖီသောက်ချင်သည်ဆိုကာ
သွားလမ်းပေါ်မှဆိုင်လေးတစ်ဆိုင်တွင်ရပ်ပေးလိုက်သည်ကိုကတော့ကားထဲမှပဲနေခဲ့ကာ။အပြင်သို့ငေးနေခဲ့တယ်။
ထိုအခိုက် မျက်လုံးထဲဝင်လာသောကောင်လေးတစ်ယောက်
ကလေးမဟုတ်သူငယ်မဟုတ်ခြေစောင့်ကာဆော့နေသေးသည်။ဘယ်ရယ်မဟုတ်ထိုကလေးသာသာကောင်လေးကိုစိုက်ကြည့်နေမိသည်။တစ်အောက်လောက်နေတော့ ရိပ်မိသည်ထင်ပ လှည့်ကြည့်လာပြီးပုံမှန်အတိုင်းပါးစပ်ကလေးလှုပ်စိလှုပ်စိနဲ့ထွက်သွားတယ်။ကြည့်ရတာybsစီးမယ်နဲ့တူတယ်။
နေစမ်းပါဦး ငါဘယ်တုန်းကကောင်လေးတစ်ယောက်ကိုကြည့်ဖူးလို့လဲ။စိတ်ထိန်းစမ်းcarusoဦးဒေးဗစ်အချိုးတွေပြင်စမ်း။ဟိုကောင်ကလည်းကြာလိုက်တာအခုထိမလာသေးဘူး
လာပါပြီကွာ။တန်းစီနေရလို့ပါ။
မင်းငါဘာမှမပြောပါဘူး။
မပြောလည်းသိတယ်လေ။မင်းကမှစိတ်မရှည်တာငါသိတယ်လေ။စိတ်ထဲမှာပြောနေတယ်မလား။ငါပါကွဒါလေးတောင်မှမသိရင်မင်းသူငယ်ချင်းလုပ်မနေတော့ဘူ။
အေးပါကွာ။ငါပဲအရှုံးပေးပါတယ်လို့ပြောလိုက်မှပဲလည်ပင်းကော်လံထောင်ကာဂုဏ်ဆာနေသေးတယ်။
မင်းဖြစ်ချင်တာတွေပြီးပြီမလား ဟေ့ယောင်ဒိုးမယ် clubကို
ဒီညအပီကဲမယ်။
Okတော့ok တယ်။မokလည်းမokဘူး။
ဘာလည်းကွမင်းဟာက okရင်လည်းok မokရင်လည်းမokပေါ့
ဪ okတယ်ဆိုတာက မင်းနဲ့အတူလိုက်သောက်ပေးမယ်မ
Okတာကစကီမခေါ်တော့ဘူးလို့ပြောတာ
ဘာဖြစ်တယ် ဘာလည်းမင်းကgay သွားလို့လား။
မဟုတ်ပါဘူးကွာ ငါအခုကြိတ်ကြွေနေတဲ့ကောင်မလေးကမကြိုက်မှာစိုးလို့။ပြီးတော့ဇယားတွေမရှုပ်ချင်တော့လို့ကွာ
အောင်မယ်မင်းကကြီးကြီးကျယ်ကျယ်တွေပြောနေပြန်ပါပြီ
သူမှမသိတာကွ ပြီးတော့မင်းတို့နှစ်ယောက်ကကြိုက်နေသေးတာလည်းမဟုတ်။မင်းဘက်ကတစ်ဖက်သပ်ပဲရှိသေးတာမလား။
သူမသိပေမယ့်ငါ့ကိုငါသိတယ်လေကွာ။သူ့ကိုငါအတည်ကြံတာကွ။အာ့မို့ငါ့ကိုယ်ငါလိပ်ပြာလုံချင်တာ
အေးပါ မောင်မင်းကြီးသားရယ်။
မင်းသဘောပါပဲ။ငါနဲ့တော့လိုက်သောက်ပေးပါကွာ။ဟုတ်ပြီလားစကီမခေါ်နဲ့ဆိုလည်းမခေါ်တော့ပါဘူး။
မင်းလည်းအချစ်စစ်နဲ့တွေ့တဲ့အခါကြရင်ငါ့ခံစားချက်ကိုနားလည်လာလိမ့်မယ်။
ဟေ့ယျောင် နေစမ်းပါကွာ ကြောက်လွန်းလို့ပါ။😁😁😁😁😁😁😁😁😁
1500word တောင်
အဟိ အရေးအသားလည်းမကောင်း
ဆဲတော့ခံရတော့မှာပဲ❣️4.3.2022။ 1:03AM
YOU ARE READING
အချစ်နှင့်မူး Love And Mue❣️M-preg
Fiksi Remajaမောင်မူးချိုဆိုတဲ့ချစ်တတ်လွန်းေသာကောင်လေးတစ်ယောက် မချစ်တတ်တဲ့သူနဲ့ဆုံနေရတဲ့အခါ🙏🏻