He is a masterpiece of art(I)

61 1 0
                                    

(Unicode)

(A/N - ဒီficထဲမှာတော့ Markက Jinyoungထက်ငယ်ပါတယ်။ စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်တာမို့ Mark & Jinyoungကို ထိခိုက်စေလိုစိတ်မရှိပါဘူး။)

°°°°°°°°°°°°°°°°°°°°°°°°°°

"CEOက ဘာစိတ်ကူးပေါက်ပြီး ဒီမှာရုံးထိုင်ဖို့ တွေးလိုက်တာလဲ"

"ဘာရယ် မဟုတ်ဘူး၊ ဒီတိုင်း တစ်နေရာကို ပြောင်းနေကြည့်ချင်လို့"

မန်နေဂျာမေးသော အမေးကို ထိုစကားသာ ပြန်ပြောလိုက်ပြီး မှန်ချထားတဲ့ ကားတံခါးမှ အပြင်ပတ်ဝန်းကျင်ကို ကြည့်နေလိုက်သည်။

လမ်းဘေးဝဲယာတွင် ရှည်မျောမျော ထန်းပင်များက လမ်းတစ်လျှောက် ဟိုဟိုဒီဒီပေါက်နေလေသည်။

လမ်းတစ်ဖက်ဆီ၌လည်း အမျိုးစားစုံလင်သည့် အိမ်စီးကားလေးများကို ရပ်ထားလေသည်။

နေဝင်ရီတရောအချိန်ဖြစ်သည်မို့ လေအေးလေးများပင် တိုက်နေလေသည်။

ကမ်းခြေနဲ့နီးသောနေရာဖြစ်သဖြင့် ကမ်းခြေလာသောလူအများ၏ အသံများမှာ လမ်းဆီသို့ပင် ပျံ့နှံ့နေသည်။

အင်း၊ နေရာပြောင်းတာမှန်တယ်လို့ ဆိုရမလား။ ပတ်ဝန်းကျင်လေးက ထင်ထားတာထက်ကို လှသားဘဲ။

လော့စ်အိန်ဂျလိစ်က ထင်ထားတာထက်ကို လှသားဘဲ။

ကားစီးနေသည့်တစ်လျှောက် အတွေးတွေနဲ့ပင် ပြည့်နှက်နေသဖြင့် ကားစက်ရပ်သည်ကိုပင် သတိမထားမိလိုက်ပေ။

"CEO နေရမဲ့အိမ်ရောက်ပြီဗျ"

"ကျေးဇူးဘဲ၊ Jame"

ကားပေါ်ကဆင်းပြီး ကားနောက်ဖုံးမှ Jameယူပေးသောအထုတ်အား ယူလိုက်သည်။ Jameက အထုတ်ချပေးပြီးသည်နှင့် ပြန်ရန်ပြင်လိုက်သည်။

"အာ့ဆို ကျွန်တော်သွားတော့မယ် CEO၊ ကားသော့နဲ့ အိမ်သော့လဲ ယူပြီးပြီမလား၊ တစ်ခုခုလိုတာရှိရင် ဒါကျွန်တော့်ကတ်ပါ၊ ဖုန်းဆက်လိုက်လို့ရတယ်နော်"

"ကျေးဇူးကွာ၊ Jameရာ၊ ငါလဲ မင်းရှိလို့အဆင်ပြေနေတာ"

"အဟားမဟုတ်တာဗျာ၊ အာ့တာဆို ကျွန်တော်သွားပြီနော်"

A masterpiece of art found in Los AngelesWhere stories live. Discover now