He is a masterpiece of art (II)

19 1 0
                                    

(Zawgyi)

Babyနဲ့တွေ့ဖို့ မိုးလင်းကတည်းက အပီပြင် ဝတ်စားထားလိုက်သည်။

တစ်ဖက်က babyလေးက ဘယ်ချိန်လာမလဲမသိနိုင်တာမို့။

ဟုတ်တယ်လေ၊ လာတာတောင် ကျေးဇူးတင်ရမယ်မလား။ စောင့်ခိုင်းလို့‌တော့ဘယ်ဖြစ်မလဲ။

မနက်ကတည်းက ပြင်ထားပေမဲ့ နေ့လည်(၁၂)ထိတောင် babyဆီမှ ဖုန်းဆက်မလာချေ။

တစ်ခါမှမရှည်ခဲ့တဲ့စိတ်က babyနဲ့မှ အပိုးကျိုးစွာ ဆွဲဆန့်စရာမလိုဘဲနဲ့ကို ရှည်နေခဲ့သည်။

ချစ်သူမဖြစ်ခင်တောင် ဒီလောက်အပိုးကျိုးနေတဲ့စိတ်ကြောင့် ချစ်သူများဖြစ်ရင် ဘယ်လောက်တောင် babyကို ကြောက်နေရမလဲဆိုပြီး တွေးနေမိသေးသည်။

သောက်ကျိုးနည်း၊ ငါ့နဲ့လဲ မိုင်လွန်အတွေးတွေတောင် ဝင်နေပြီဘဲ။

ကိုယ့်အတွေးနဲ့ကိုယ်ရယ်ရင်း ဖုန်းဆီမှ ဖုန်းခေါ်သံကြောင့် လန့်သွားရသေးသည်။

ဖုန်းကိုယူကြည့်တော့ babyဆီမှဖြစ်သဖြင့် ချက်ချင်းကိုင်လိုက်သည်။

"Hello Babyရောက်ပြီလား"

"အင်း၊ ကျွန်တော်ဟိုနေ့က ကမ်းစပ်နားမှာ၊ မြန်မြန်လာခဲ့၊ ဒါဘဲ"

တစ်ဖက်မှ Babyရဲ့တစ်ဇွတ်ထိုးစိတ်ကြောင့် ကျွန်တော်တောင် ဘာမှစကားမပြန်ရသေးဘဲ ဖုန်းချသွားလေသည်။

တကယ့်ကို စိတ်လက်တဆစ်ကောင်လေး။

ဖုန်းနဲ့ အိမ်သော့ရယ် အရေးကြီးဆုံးပိုက်ဆံအိတ်ကို ယူကာ ထွက်လာခဲ့သည်။

ကမ်းခြေကို လျှောက်လာတော့ ကမ်းစပ်မှာ ထိုင်နေတဲ့ပိစိလေးကို တွေ့လိုက်ရသည်။

အဝေးကနေတောင် ဘယ်လိုမှတ်မိလဲမမေးနဲ့နော်။ ကျွန်တော့်ကလေးလေးက အဝေးက ကြည့်တာတောင် ကျွန်တော့်အတွက် ထင်းထွက်နေတဲ့ တစ်လက်လက်ထနေတဲ့ကျောက်ကလေးလိုဘဲ။

နောက်ပါးကနေ လန့်သွားအောင် စဖို့ ပြင်လိုက်သည်။

ပုခုံးသေးသေးလေးအား ဆုတ်ကိုင်ပြီး

"ဟေ့ ကောင်လေး"

လန့်သွားပုံမပေါ်သည့် Babyလေးကြောင့် စိတ်ထဲမှ  failလို့အော်လိုက်သည်။

A masterpiece of art found in Los AngelesWhere stories live. Discover now