"သားက လိင်တူစိတ်ဝင်စားနေတဲ့ gay တစ်ယောက်ပါ မေမေ...."
"ဘာ!"
ဖြန်း.
"နင်ဘာပြောလိုက်တယ်!ငါ့မျက်နှာကို အိုးမဲသုတ်တဲ့အကောင်!မွေးမိတဲ့ငါကိုက မှားတာ!"
"နင်လိုကောင်က လူဖြစ်မလာသင့်ဘူး!မွေးကတည်းက အသေလေးမွေးရမှာ!နင် ငါ့မျက်စိရှေ့က ထွက်သွား!ဘယ်တော့မှ ပြန်မပေါ်လာနဲ့ ထွက်သွား!"
မေမေရယ် သားကိုအဲ့လောက်တောင်မုန်းရလားဗျာ။သားက အခြောက်မဟုတ်ပါဘူး။သားက... သားကလေ လိင်တူစိတ်ဝင်စားတာပါဘဲ မေမေရယ်။သားအခြောက်မဟုတ်ပါဘူးဗျာ။
ကျွန်တော့်ကို ကြည့်နေတဲ့ မေမေ့ရဲ့မျက်လုံးမှာ ဒေါသတွေအပြည့်...
____________________________ဖေဖေက ကျွန်တော်မွေးပြီး သုံးလသားအရွယ်မှာ ကားအက်စီးဒင့်နဲ့ဆုံးတယ်။အဲ့ကတည်းက မေမေက လုပ်ငန်းတွေကို မိန်းမသားတန်မဲ့ ဦးစီးလာကာ သူဌေးမကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လူအများအလယ်မှာ ရပ်တည်ခဲ့တာ။မေမေက ကျွန်တော့်ကို ဖေဖေလိုရော မေမေလိုပါ စောင့်ရှောက်ကျွေးမွေးလာခဲ့တာ။မေမေက ကျွန်တော့်အတွက် တန်ဖိုးအရှိဆုံးဘဲ။
အဲ့နေ့က ကျွန်တော်အသက် ၁၈ နှစ်ပြည့်တဲ့နေ့။
မေမေနဲ့ အဲ့ညထိ အဆင်ပြေခဲ့တာပေါ့။စကားတစ်ခွန်းမစခင်အထိပေါ့..."မေမေ့ရဲ့သားတောင် အသက်ပြည့်ပြီ။သားမှာ ကောင်မလေးရှိပြီလား။အကယ်၍ရှိခဲ့ရင် မေမေ့ကို အရင်ပြောရမယ်နော်"
ပြုံးရယ်စွာ စကားဆိုလာတဲ့မေမေ"မေမေ သားလေ မေမေ့ကို ပြောစရာရှိတယ်။ပြောစရာဆိုတာထက် ဝန်ခံတာပါ မေမေ."
"ဘာများလဲ သားရယ်။ပြောပါကွယ်."
တုန်ရီနေသော အသံဖြင့် ကျွန်တော် စကားတစ်ခွန်းပြောလိုက်မိတယ်။
"သားက လိင်တူစိတ်ဝင်စားနေတဲ့ gay တစ်ယောက်ပါ မေမေ...."
"ဘာ!"
ဖြန်း.
"နင်ဘာပြောလိုက်တယ်!ငါ့မျက်နှာကို အိုးမဲသုတ်တဲ့အကောင်!မွေးမိတဲ့ငါကိုက မှားတာ!"

YOU ARE READING
နောက်ဘဝဆိုရင်...
Short Storyမေမေရယ် သားကိုအဲ့လောက်တောင်မုန်းရလားဗျာ။သားက အခြောက်မဟုတ်ပါဘူး။သားက... သားကလေ လိင်တူစိတ်ဝင်စားတာပါဘဲ မေမေရယ်။သားအခြောက်မဟုတ်ပါဘူးဗျာ။