🌼Verb+아/어/여/해요 (Verb ဖြစ်ပါတယ်)🌼
Verb ကဘာသရနဲ့ဆုံးလည်းဆိုတာကို
အရင်ကြည့်ရပါတယ်။
(ㅗ/ㅏ)နဲ့ဆုံးရင်(아요)နဲ့တွဲ
ကျန်တာ(ㅗ/ㅏ/ㅣမဟုတ်သောသရများ)
နဲ့ဆုံးရင်(어요)နဲ့တွဲ
(이)နဲ့ဆုံးရင်(여요)နဲ့တွဲ
(하다)နဲ့ဆုံးရင်တော့(해요)နဲ့တွဲရပါတယ်။⭐가다(가)+아요>>가아요(가요)
(သွားပါတယ်)⭐먹다(먹)+어요>>먹어요
(စားပါတယ်)⭐가르치다(가르치)+여요>>가르쳐요
(သင်ကြားပါတယ်)⭐생각하다(생각하)+해요>>생각해요
(စဥ်းစားပါတယ်)🍁Examples🍁
(1)여동생은 영화관에 가요.
ညီမလေးကတော့ ရုပ်ရှင်ရုံကို သွားပါတယ်။
(2)저는 매일 매일 밥을 먹어요.
ကျွန်တော်ကတော့ နေ့တိုင်း နေ့တိုင်း
ထမင်းကို စားပါတယ်။
(3)선생님이 학생들에게 영어를 가르쳐요.
ဆရာမက ကျောင်းသားတွေကို အင်္ဂလိပ်စာ
သင်ကြားပါတယ်။
(4)제가 자주 제미래를 생각해요.
ကျွန်တော်ကတော့ မကြာခဏ
ကျွန်တော့်အနာဂတ်ကို စဥ်းစားပါတယ်။🍃မှတ်ချက်🍃
Verb ကဘာသရနဲ့ဆုံးလဲကြည့်တဲ့အခါ
(다)ကိုဖြုတ်ပြီးကြည့်ရပါတယ်။
ဆိုလိုချင်တာက(쓰다)ဆိုရင်(다)ကိုဖြုတ်ပြီး
(쓰)ကိုပဲကြည့်ရပါမယ်။
(쓰)က(ㅡ)နဲ့ဆုံးတယ်ဆိုတော့(ㅗ/ㅏ/ㅣ)
မဟုတ်တဲ့အတွက်써요ဆိုပြီးပြောင်းပေးရ
တယ်။နောက်တစ်ချက်ကတော့-
(ㅡ)နဲ့ဆုံးရင်အရင်ဆုံးသူ့အရှေ့မှာသရရှိသေး
လားကြည့်ပေးရပါတယ်။ရှေ့မှာသရရှိသေး
ရင်(ㅡ)ကိုဖြုတ်ပြီးရှေ့ကသရကိုပဲကြည့်ပြီး
တွဲပေးရပါတယ်။
ဥပမာ-(바쁘다)ဆိုရင်သရက(ㅡ)နဲ့ဆုံးတာ
ဖြစ်လို့ရှေ့ကိုဆက်ကြည့်ပေးရပါတယ်။
ရှေ့ကသရက(ㅏ)ဆိုတော့(아요)နဲ့တွဲရတော့
(바빠요)ဆိုပြီးဖြစ်သွားပါတယ်။⭐쓰다(쓰)+어요>>써요
(ရေးပါတယ်/သုံးပါတယ်)⭐바쁘다(바쁘)+아요>>바빠요
(အလုပ်များပါတယ်)☘️Meaning☘️
쓰다 ရေးသည်/ခါးသည်/အသုံးပြုသည်
바쁘다 အလုပ်များသည်