1

1.5K 84 13
                                    

"အန်တီ လက်ထက်တော့မယ်........"

"ရှင်!! ဒါဆိုသမီးကရောဟင်။
သမီးကိုနဲနဲလေးတောင်မချစ်ခဲ့ဘူးလားဟင်။
ဖြေပါဉီးအန်တီရယ်"

"အန်တီမှာအဲ့ဒီ့အတွက်အဖြေမရှိဘူး"

"ဟင့် အန်တီရယ်...."

"အန်တီသွားတော့မယ်"
နောက်ကိုနဲနဲလေးတောင်ပြန်လှည့်မကြည့်ဘဲ
ကျွန်မသိပ်ကိုမုန်းတဲ့ အန်တီသိပ်ချစ်တယ်လို့ထင်ရတဲ့အဲ့ဒီလူကြီးရဲ့ကားပေါ်တတ်သွားလေတယ်။

"မသွားပါနဲ့ အန်တီ...... အန်တီ .......အန်တီ"
အာခေါင်ကိုခြစ်ပြီးအော်လိုက်သည့်အသံအဆုံး
အိမ်မက္ ကနေနိုးထလာခဲ့တယ်။

"မက္ပြန်ပြီကွာ...ဟူးးးးးး"
လေပူတချက္မှုတ်ထုတ်လိုက်ရင်း‌ေခါင်းကိုတချက်‌ေလာက်ခါလိုက်ပြီးအိပ်ရာကနေထလာခဲ့တယ်။
ရေချိုးခန်းထဲဝင်ပြီးမျက်နှာသစ် သွားတိုက်ပြီးကိုယ်လက်သန့်စင်လိုက်တယ်။ပြီးတာနဲ့အလုပ်သွားဖို့ပြင်ဆင်ရတော့တယ်။
ထိုစဉ်......
ဖုန်းဆက်သံကိုကြားလိုက်ရတယ်။

"ဟယ်လို..."

"အေးပြော"

"အမယ်လေးခေါ်လိုက်ရတာဟယ် မပြီးသေးဘူးလား။ငါအောက္မှာရောက်နေပြီ။ဆင်းလာခဲ့တော့။"

"အေးအေးလာပြီ "

ပြောလက်စဖုန်းကိုချပြီးအောက်သို့သာဒုန်းချင်းပြေးဆင်းလာခဲ့တယ်။

"ကြာလိုက်တာဟယ်"

"ဟဲ့ငါလဲနင်နဲ့ပြောပြီးပြီးဆင်းလာတာဘဲ။၇လွှာကနေပြေးဆင်းလာတာ ချော်မလဲတာကံကောင်း။"

"လာတတ်သွားမယ် နောက်ကျနေပြီ။အန်တီ့အကြောင်းသိတယ်မလား။အချိန်မလေးစားတာမကြိုက်ဘူး။"

"အေးပါသိပါတယ်"

ထွက်လာပြီးခဏကြာ

"ဟဲ့ နင် ဘာဖြစ်နေတာလဲ မျက်နှာလဲမကောင်းဘူး"

"ငါ အန်တီ့ကို အိမ်မက္မက္ပြန်ပြီ အန်တီငါ့ကိုထားသွားတဲ့အချိန်ကိုငါအိမ်မက္မက္ပြန်ပြီဟယ်"

"ငါ့တီလေးကို အိမ်မက္ထပ်မက္ပြန်ပြီလား
နင်ဟယ် မမေ့နိုင်သေးဘူးလား တီလေးကအိမ်ထောင်ပြုသွားတာ၂နှစ်လောက်ရှိနေပြီကို"

မပြောင်းမလဲရင်ထဲမှာWhere stories live. Discover now